Chapter -52(part.2)

1.2K 279 26
                                    

/Uni/

စုန့်ရွှမ်ဟယ်က လူနာတင်ယာဉ်တွေထဲက တစ်စီးဆီကို ရှောင်ယွမ်မုနဲ့လိုက်သွားလိုက်တယ်။‌ဆရာဝန်က လျင်မြန်စွာ စစ်ဆေးလိုက်ပြီးတော့ ရှောင်ယွမ်မုရဲ့ဒဏ်ရာကို စည်းပေးလိုက်တယ်။ဆရာဝန်က ဒီလူနာဟာ အဓိကကျတဲ့ ဘယ်နေရာမှ ယိုစီးခြင်းမရှိတာကို နောက်မှ ရှာဖွေတွေ့ရှိခဲ့တယ်။ဒါ့ကြောင့် သူစုန့်ရွှမ်ဟယ်ဆီမလှည့်ခင် စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်တယ်။"လူနာက ပဏာမစစ်ဆေးခြင်းရှုထောင့်အရ အဆင်ပြေပုံရတယ်။သူ့အနေနဲ့ အတွင်းဒဏ်ရာရတာဘဲဖြစ်ဖြစ် မရတာဘဲဖြစ်ဖြစ် ငါတို့ ဆေးရုံရောက်တဲ့အထိ စောင့်ရလိမ့်မယ်.....မင်းရဲ့လက်မှာ ဘာ‌ဖြစ်တာလဲ?မင်းဘာလို့ စောစောတုန်းက မပြောတာလဲ?"

ဆရာဝန်က စုန့်ရွှမ်ဟယ်ရဲ့ သွေးထွက်နေတဲ့လက်ကို ထိတ်လန့်စွာနဲ့ ကြည့်လိုက်တယ်။သူသူ့ရဲ့ကိရိယာတွေကို ကူညီပြင်ဆင်ပေးဖို့ အနီးအနားမှာရှိတဲ့ သူနာပြုကို ခေါ်လိုက်တယ်။သူပြောနေရင်းနဲ့ စုန့်ရွှမ်ဟယ်ရဲ့လက်မောင်းကို စစ်ဆေးလိုက်တယ်..." မင်းသွေးတွေ အများကြီးဆုံးရှုံးသွားပြီ...မင်းဘာလို့ ပွင့်ပွင့်လင်းလင်း မပြောရတာလဲ? မင်းရဲ့သူငယ်ချင်းဆီမှာ သွေးတွေချည်းဘဲ ငါတွေ့လိုက်ရတော့ သူတစ်နေရာရာမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ငါထင်ခဲ့တယ်။ မင်းရဲ့လက်မှာ အပေါက်ကြီးရှိနေတာကို!!သူ့ကို ဆွဲထုတ်ဖို့ မင်းဘယ်ကနေများ အားတွေရခဲ့တာလဲ...?"

"မင်းရဲ့လက်ကို နောက်မှ ချုပ်ရလိမ့်မယ်"ဆရာဝန်က စုန့်ရွှမ်ဟယ်ရဲ့ဒဏ်ရာကို ရိုးရိုးကုသနေစဉ်အတွင်းမှာ မျက်မှောင်ကြုပ်ထားတယ်။"မင်းရဲ့လက်ကို နောက်ထပ် မလှုပ်ရှားနဲ့။မင်းလုပ်မယ်ဆိုရင် မင်းရဲ့သူငယ်ချင်းက ကျန်းမာလာပေမဲ့ မင်းတော့ကောင်းလာမှာ မဟုတ်ဘူး"

စုန့်ရွှမ်ဟယ်ရဲ့နှုတ်ခမ်းတွေက အပေါ်ကို တွန့်သွားတယ်။ "ကျွန်တော် အဆင်ပြေပါတယ်။ဒါ့အပြင် အဲ့ဒီကုန်တင်ယာဉ်က ဆီယိုနေတယ်။အဲ့ဒါက ပေါက်ကွဲခဲ့ရင်ကော ကျွန်တော်သူ့ကို မဆွဲထုတ်ရဘူးလား?"

ဆရာဝန်က အခြားဒဏ်ရာတွေကို မစစ်ဆေးခင် သူ့ကို တချက်ကြည့်လိုက်တယ်။စုန့်ရွှမ်ဟယ်က သူ့ရဲ့လက်ပေါ်က တစ်ခုကလွဲလို့ အခြားမည်သည့်ဒဏ်ရာမှ မရှိတာကို သူအတည်ပြုပြီးသွားတော့ သူပြောလိုက်တယ်။"မင်းက စေ့စေ့စပ်စပ် တွေးခေါ်တတ်သူ တစ်ယောက်ဘဲ"

RMLE / Book-2 (mm translation)Where stories live. Discover now