Chapter - 74

509 97 12
                                    

/Uni/

ကျန်းတယ်ရိက သူ့အပြုံးကို ဆက်မထိန်းထားနိုင်တော့ဘူး။ဒီနေ့ စုန့်ရွှမ်ဟယ်ရဲ့အင်္ကျီလက်အနားခေါက်တွေပေါ်က လက်ကြယ်သီးတွေက McPhailရဲ့ဟာတွေဆိုတာကို အနှစ်တစ်သန်းအတွင်းမှာ ဘယ်တော့မှ သူ မမျှော်လင့်ထားဘူး။

စုန့်ရွှမ်ဟယ်ရဲ့မရိုးသားတဲ့ အပြုံးကို သူ ပြန်သတိရလာတဲ့အခါ ကျန်းတယ်ရိက သူ့ပေါင်ပေါ်က လက်သုတ်ပဝါပတ်လည်မှ သူ့ရဲ့ဆုပ်ကိုင်ခြင်းကို တင်းကျပ်လိုက်တယ်။သူတို့တွေက သူ့အတွက် အလွန်ကို အရေးပါတယ်လို့ သူပြောခဲ့တဲ့ အဖြစ်မှန်ဖြစ်သော်ငြားလည်း အဲဒီလက်ကြယ်သီးတွေကို မမှတ်မိတဲ့အတွက် သူ့ကို စုန့်ရွှမ်ဟယ်က ရယ်မောနေမှာ သေချာသလောက်ဘဲ။

ရှောင်ရှန်လင်းက သူ့ရဲ့ရောက်လာခြင်းမတိုင်မီက ဖြစ်ပျက်ခဲ့တဲ့ တိတ်တခိုးဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မသိဘူး။သူ သူ့နေရာကို လျှောက်သွားလိုက်တယ်။ဘယ်သူမှ စကားပြောတာကို သူ မကြားရတဲ့အခါ အနည်းငယ် ကိုးရိုးကားရားနိုင်တယ်လို့ ခံစားလိုက်ရတယ်။နူးညံ့သိမ်မွေ့တဲ့အပြုံးနဲ့ သူ မေးလိုက်တယ် "ငါ မှားသွားတာလား?"

ကျန်းတယ်ရိရဲ့မျက်နှာအမူအရာက ပြောင်းလဲသွားတယ်။သူ့ရဲ့အကြည့်က စုန့်ရွှမ်ဟယ်ဆီကို ချက်ချင်း ကြည့်လိုက်တယ်။

သူ့ရဲ့မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် ခုလေးတင် ကျန်းတယ်ရိ ဘာတွေးနေလဲ စုန့်ရွှမ်ဟယ် သိတယ်။တကယ့်ကို သူ ကျန်းတယ်ရိကို ပထမဆုံးမြင်တဲ့အခါ သူ ဘာမှမတွေးခဲ့ဘူး။အဆုံးမှာတော့ အဲဒါက သူ့ရဲ့မူလကမ္ဘာမှာဖြစ်စေ ဒီကမ္ဘာမှာဖြစ်စေ ထည့်သွင်းမစဉ်းစားဘဲ သူလည်းဘဲ မနှစ်သက်တဲ့လူတွေနဲ့ သူ့ကိုမနှစ်သက်တဲ့လူတွေ အများကြီးရှိကြတယ်။သူက သူတို့တစ်ယောက်ချင်းစီတိုင်းကို အာရုံစိုက်ပေးနေမယ်‌ဆိုရင် အချိန်နဲ့စွမ်းအင်အတော်များများကို ဖြုန်းတီးခြင်းနဲ့ဘဲ အဆုံးသတ်သွားမယ်။

အဲဒါက အဲဒီလိုဖြစ်ရုံသာ သူက ကျန်းတယ်ရိကိုရန်စ‌ဖို့ ဘယ်လိုမှမရည်ရွယ်ထားဘူးဆိုရင်တောင်မှ ကျန်းတယ်ရိက သူ့ကို ရန်စဖို့ လက်ဦးမှုယူလိမ့်မယ်။

RMLE / Book-2 (mm translation)Where stories live. Discover now