Chapter -57(part.1)

1.1K 229 19
                                    

/Uni/

စုန့်ရွှမ်ဟယ်က 'ဖွင့်သည်'ဆိုတဲ့ခလုတ်ကို ဖိချလိုက်ပြီး ဒေါသအလွန်ထွက်နေတဲ့စုန့်ကောင်းချောင် လျှောက်လာနေတာကို အေးအေးဆေးဆေး ကြည့်ရှုနေလိုက်တယ်။

စုန့်ကောင်းချောင်က ဒေါသအမျက်ခြောင်းခြောင်းထွက်နေသော်လည်းဘဲ သူ့ရဲ့အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်ခြင်းက သူ့ရဲ့ထိန်းမနိုင်သိမ်းမရဒေါသထွက်ခြင်းကို ထိန်းချုပ်ခြင်းအောက်မှာ ထိန်းထားဆဲဖြစ်တယ်။သို့‌ပေမဲ့ သူ စုန့်ရွှမ်ဟယ်ရဲ့ ဆွပေးနေတဲ့မျက်နှာအမူအရာကို မြင်လိုက်ရတော့ သူ့အတွင်းမှာ တလိပ်လိပ်ထိုးတက်လာတဲ့ မီးကို ချုပ်တည်းရုံမျှသာ ပြီးတော့ သူ့ရဲ့ဆင်ခြင်တုံတရားကို ချိုးနှိမ်နိုင်လုနီးပါးဘဲ။

အဆုံးမှာတော့ မင်းရဲ့အပျော်မယားက မင်းအ‌ပေါ် လူစိမ်းတစ်ယောက်နဲ့ အိမ်ထောင်ရေးဖောက်ပြန်တာနဲ့နှိုင်းယဥ်ရင် မင်းရဲ့အရင်အပျော်မယားက မင်းအပေါ် မင်းရဲ့ကိုယ်ပိုင်သားနဲ့ ဖောက်ပြန်နေတာက ဒါဟာ မျက်နှာပျက်ရခြင်းရဲ့ အဆင့်အသစ်တစ်ခု ဖြစ်တယ်။

စုန့်ကောင်းချောင်လိုမျိုး ပုရိသဝါဒနဲ့လူတစ်ယောက်အတွက် လျို့ရွှီက နောက်ထပ် သူ့ဟာမဟုတ်တော့ဘူးဆိုရင်တောင်မှ သူမက သူ့အပိုင်တစ်ကြိမ်ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အဖြစ်မှန်က ကျန်ရှိနေသေးတယ်။ဒါကြောင့် သူ့ကို ကစားစရာတစ်ခုမျှသာ တစ်ပတ်ရိုက်သွားပြီး သူ့ရဲ့ရှယ်ယာနှစ်ဆယ်ရာခိုင်နှုန်းကို လွှဲပြောင်းဖို့ ဖြစ်စေခဲ့တာကို သူစုံစမ်းသိရှိပြီးနောက် ဒေါသပုန်ထခြင်းကြောင့်စိတ်မထိန်းနိုင်ဘဲ သူမကိုသင်ခန်းစာတစ်ခုပေးဖို့ သူမရဲ့ကုမ္ပဏီကို သူမရဲ့အရင်းအမြစ်တွေဖြတ်တောက်ပစ်ဖို့ သူအမိန့်ပေးခဲ့တယ်။သို့သော်လည်း သူမက အခြားလူတစ်ယောက်နဲ့ တွေ့ဆုံလိမ့်မယ်လို့ သူဘယ်တော့မှမမျှော်လင့်ထားခဲ့ဘူး။

အဲ့ဒီအခြားလူက သူ့ရဲ့ကိုယ်ပိုင်သားဖြစ်တာကို ‌အသာထားဦး။

အဲ့ဒါက ဒီတိုင်း ဒေါသပြင်းစွာထွက်လွန်း‌နေတာကြောင့် သူ့ရဲ့မျက်နှာက ခရမ်းရောင်ပြောင်းနေပြီဖြစ်သည့်တိုင် စုန့်ကောင်းချောင်ဆီမှာ ဆင်ခြင်တုံတရားတစ်ပိုင်းတစ်စတော့ ကျန်ရှိနေသေးတယ်။ဒါကြောင့် ဖြတ်သွားနေတဲ့ အမှုဆောင်တွေဆီကနေရောက်လာတဲ့ မသိမသာကြည့်နေတဲ့အကြည့်တွေကို သူသတိပြုမိသွားတော့ စုန့်ကောင်းချောင်က အံကြိတ်လိုက်ပြီး စုန့်ရွှမ်ဟယ်ကို ပြောလိုက်တယ်။"ငါရဲ့ရုံးခန်းကို ငါနဲ့လိုက်ခဲ့"

RMLE / Book-2 (mm translation)Where stories live. Discover now