Chapter -65

1K 186 22
                                    

/Uni/

ရှောင်ယွမ်မုက ပိုပြီးနီးကပ်လာသလို စုန့်ရွှမ်ဟယ်က အမြော်အမြင်ရှိလျက် နောက်ကို ရွှေ့လိုက်တယ်။သို့သော်လည်း သူက နောက်ထပ် နှစ်စင်တီမီတာလောက်သာလျှင် နောက်ဆုတ်နိုင်တယ်။သို့သော်လည်း ရှောင်ယွမ်မုက bottomတစ်‌ယောက်ဆိုတာကို သူ ရုတ်တရက် မှတ်မိလာတာကြောင့် တစ်ဖက်လူက ဘာဘဲဖြစ်ဖြစ်လုပ်ရင်တောင်မှ စုန့်ရွှမ်ဟယ်က အခွင့်အရေးဆုံးရှုံးမှာ မဟုတ်ဘူး။ဘာတစ်ခုမှ ကြောက်စရာ မရှိဘူး။

စုန့်ရွှမ်ဟယ်က နောက်သို့ ယိမ်းယိုင်နေတာကို ရပ်လိုက်ပြီး သူ့ရဲ့နောက်ကျောကို ဖြောင့်အောင်လုပ်လိုက်တယ်။သူ သူ့ရဲ့လက်မောင်းတွေကို ကန့်လန့်ဖြတ်တင်ထားလိုက်ပြီး အေးအေးဆေးဆေးပြောဖို့ မျက်ခုံးတစ်ဖက်ပင့်လိုက်တယ်...
"စစ်ဆေးဖို့ မလိုဘူး။ဘာဘဲဖြစ်ဖြစ် အခြားတစ်ယောက်ယောက်ရဲ့အတွင်းခံကို ငါ ဝတ်ဆင်မှာ မဟုတ်ဘူး။မင်း အပြင်သွားပေးနိုင်မလား?ငါ ငါ့ရဲ့ဘောင်းဘီကို လဲချင်တယ်"

ရှောင်ယွမ်မုက အစတုန်းက စုန့်ရွှမ်ဟယ်ကို ဒီတိုင်း အနည်းငယ် လန့်သွားအောင် ရည်ရွယ်ထားခဲ့တယ်။ဒါ့အပြင် သူ လျှောက်လာရတဲ့အကြောင်းပြချက်က စုန့်ရွှမ်ဟယ် လဲနိုင်ဖို့အတွက်  ဦးဆုံး အခန်းက ထွက်ခွာဖို့ဖြစ်တယ်။ဒါပေမဲ့ တစ်ဖက်လူက  ဘယ်လိုမျှ လန့်ဖျပ်သွားခြင်း မရှိဘဲ အဲဒီအစား အချို့ခေါင်းခြောက်စရာ အကြောင်းပြချက်အတွက် အကြောက်အလန့်မရှိတဲ့မျက်နှာအမူအရာအချို့ ထားထားတာကို သူ မြင်လိုက်ရတဲ့အခါ သူ့စိတ်ကို ပြောင်းလိုက်တယ်။

"အပြင်ဘက်မှာ အေးတယ်"ရှောင်ယွမ်မုက လှုပ်ရှားနေတာကို ရပ်လိုက်တယ်။သူ နံရံကို မှီလိုက်ပြီး စုန့်ရွှမ်ဟယ်ဆီကို ငုံ့ကြည့်လိုက်တယ်။"ဒီတိုင်း ဒီလိုဘဲ လဲလိုက်"

"မင်း ဒီမှာရှိနေတုန်း လဲရမှာလား?"ရှောင်ယွမ်မုကြည့်တာက ဘယ်လိုတောင်တည်ငြိမ်လဲဆိုတာကို သတိပြုမိတဲ့အပေါ် စုန့်ရွှမ်ဟယ်က ချက်ချင်း သူ့ရဲ့အသံကို ပြောင်းလဲလိုက်တယ်။သူတို့နှစ်ယောက်လုံးက ယောက်ျားလေးတွေဖြစ်ကြတယ်။ဘာ ကြောက်စရာ ရှိရမှာလဲ?သူ သူ့ရဲ့ခါးပတ်ကို နှေးကွေးစွာနဲ့ ဖြုတ်လိုက်ပြီး သူ့နှုတ်ခမ်းရဲ့ထောင့်တွေက မြင့်တက်သွားတယ်။"ကောင်းပြီ။မင်း ကြည့်ချင်တယ်ဆိုရင်လည်းဘဲ ကြည့်ပေါ့"

RMLE / Book-2 (mm translation)Where stories live. Discover now