Chapter -49

1.3K 311 48
                                    

/Uni/

" ကျွန်တော်တို့က လက်ထပ်ဖို့ဆွေးနွေးတဲ့အဆင့်ထိ ရောက်ပြီလို့ ကျွန်တော်မထင်ဘူး"

ရုတ်တရက် မေးခွန်းထုတ်ခြင်း ဖြစ်သော်ငြားလည်းဘဲ ရှောင်ယွမ်မုက သူ့ရဲ့တည်ငြိမ်မှုကို ထိန်းသိမ်းထားခဲ့တယ်။ သူ့ရဲ့အသံက အေးစက်နေပေမဲ့ အဲ့ဒါက သူငြင်းဆိုတဲ့သူကို လုံးဝစိတ်မသက်မသာ ခံစားရအောင်မဖြစ်စေပါဘူး။ 

လီနင်းအန်းက စိတ်မဆိုးတဲ့အပြင် သူမရဲ့အပြုံးဟာလည်း ပိုပြီးတော့တောင် စစ်မှန်လာသေးတယ်။ သူမက ပြောလိုက်တယ်...

"မင်းတို့နှစ်ယောက်လုံးက ငယ်သေးတယ် ... ဒါ့ကြောင့် အလွန်ကွာဝေးနေသေးတဲ့အချို့အကြောင်းအရာတွေကို မပြောချင်တာက ပုံမှန်ပါဘဲ။ အန်တီက အသက်ကြီးနေပြီဖြစ်တာကြောင့် အများကြီးစဉ်းစားနေတယ်..."

စုန့်ရွှမ်ဟယ်က နောက်ဆုံးမှာတော့ သူ့ရဲ့ရင်ဘတ်ထဲမှာ ပိတ်မိနေတာတွေကို အသက်ရှုထုတ်လိုက်နိုင်သွားပြီ။ သူရှောင်ယွမ်မုကို ကြည့်ဖို့အတွက် လှည့်လိုက်တော့ သူ့ရဲ့ ရှည်လျားဖြောင့်စင်းနေတဲ့ မျက်တောင်‌တွေကို အနည်းငယ်အောက်စိုက်ထားတာ တွေ့လိုက်ရတယ်။ အဲ့တာက သူလီနင်းအန်းရဲ့ စကားကို ပြန်ဖြေဖို့အစီအစဉ်မရှိပုံပေါ်တယ်။

"ဒါပေမဲ့..." လီနင်းအန်းက ရှောင်ယွမ်မုပြန်ဖြေဖို့အတင်းအကျပ် မလုပ်ပါဘူး။ သူမရဲ့ မျက်နှာပေါ်မှာ အပြုံးမှိန်မှိန်လေးရှိနေပြီးတော့..."မင်းတို့နှစ်ယောက် တွဲပြီဆိုကတည်းက ကောင်းကောင်းပေါင်းသင်း ဆက်ဆံသင့်တယ်။   မင်းတို့ တစ်ဦးနဲ့တစ်ဦး ရိုးသားစွာပြုမူဆက်ဆံရင် မင်းတို့တွေ အနာဂတ်မှာ အကြာကြီးအတူတူမရှိနိုင်ရင်တောင် ... အနည်းဆုံးတော့ မင်းတို့ရဲ့အချစ်တွေကနေ အလွန်မုန်းတီးခြင်းတွေ ပေါက်ဖွားလာမှာမဟုတ်သလို ရန်သူတွေဖြစ်လာမှာလည်းမဟုတ်ဘူးပေါ့။ ရွှမ်ဟယ်က အန်တီ့ရဲ့သားဖြစ်တယ်...သူက တခြားလူတွေနဲ့ အပြန်အလှန်အကျိုးပြုတဲ့နေရာမှာ ခက်ခဲတာကိုအန်တီသိတယ်။ 

သူကအမြဲတမ်း ချော့ပြောတာ ဒါမှမဟုတ် သွေးဆောင်ဖို့လိုအပ်တယ်။ တခါတရံမှာ သူ့ရဲ့ဒေါသက တကယ်ကိုဆိုးရွားသွားနိုင်တယ်။ ဒါပေမဲ့ သူက မင်းအတွက် သူ့ရဲ့အဖေကို ဆန့်ကျင်ဖို့ သတ္တိရှိတယ်။သူတို့တွေ ရန်ဖြစ်လုနီးပါးဘဲ...ရွှမ်ဟယ်ဆို ဖယ်ရှားခံရလုနီးပါးဘဲ။ အဲ့တာက သိသိသာသာကို သူမင်းကို တကယ်ကြိုက်လို့ပေါ့... မင်းသူ့ကို အနည်းငယ်ပိုပြီးတော့ ဂရုစိုက်လိမ့်မယ်လို့ အန်တီမျှော်လင့်ပါတယ်..."

RMLE / Book-2 (mm translation)Where stories live. Discover now