/Uni/
တိုက်ခန်းဆီပြန်သွားပြီးနောက် သူ့ရဲ့အစားအစာအရည်အသွေး မြင့်လာတဲ့ကိစ္စကသာလျှင် စုန့်ရွှမ်ဟယ်ပျော်ရွှင်ရတဲ့ အကြောင်းဘဲဖြစ်တယ်။
ကံဆိုးချင်တော့ သူပူပန်စရာတွေလည်း ရှိနေပြန်တယ်။စာအုပ်ထဲမှာ အချိန်တွေထဲကဒီအခိုက်မှာ ရှောင်ယွမ်မုက အလုပ်အတွက် Haiမြို့ကို သွားခဲ့ပြီးပြီဖြစ်တယ်။ဒါပေမဲ့ ဒီကမ္ဘာမှာတော့ ရှောင်ယွမ်မုက စုန့်အုပ်စုမှာဘဲ ရှိနေသေးပြီး နှုတ်ထွက်ဖို့ကို ရည်ရွယ်ချက်မရှိပုံရတယ်။
ဒါ့ကြောင့် ဒီနေ့နေ့လည်စာစားတော့ စုန့်ရွှမ်ဟယ်က ရှောင်ယွမ်မုကို အလုပ်အကြောင်းမေးခွန်းတွေမေးဖို့ စိုက်ကြည့်လိုက်ပြီး ရှားရှားပါးပါး စားနေရင်းစကားပြောလိုက်တယ်။
"ဒီနေ့ အမဲသားက တကယ်ကိုနူးနေတာဘဲ"စုန့်ရွှမ်ဟယ်က အမဲသားအပိုင်းတစ်ခုကို မျိုချလိုက်ပြီး သူ့ရဲ့တုံ့ပြန်မှုအတွက် သူ့ရဲ့အစားအစာပန်းကန်လုံးကနေ မော့တောင်ကြည့်မလာတဲ့ ရှောင်ယွမ်မုကို ကြည့်နေလိုက်တယ်။သူဆက်ပြီးတော့..."ဒါပေမဲ့ ဇီရာစေ့က နည်းနည်းများလွန်းတယ်။နောက်တစ်ခေါက်ကျ နည်းနည်းလျော့ထည့်ရမယ်"
ရှောင်ယွမ်မုက မော့ကြည့်ပြီးပြောလိုက်တယ်..."ဒီနေ့မနက် မင်းပြောခဲ့တာက မင်းရဲ့အမဲသားထဲမှာ ဇီရာစေ့အများကြီး လိုချင်တယ်ဆို"
"ငါပြောခဲ့တာလား?"စုန့်ရွှမ်ဟယ်ရဲ့အကြည့်တွေက ပြန်ပြီး တလက်လက်တောက်ပလာပြီး စိတ်မသိုးမသန့်နဲ့အရှေ့ကို ကြည့်လိုက်တယ်။ပြီးနောက် သူ့ကိုယ်သူခုခံလိုက်တယ်။"ဒါပေမဲ့ မင်းကို ဒီလောက်အများကြီးထည့်ဖို့ ငါမပြောခဲ့ဘူးလေ"
ရှောင်ယွမ်မုက ဆက်စားဖို့ အဝေးကိုမကြည့်ခင် သူ့ကို ဂရုမစိုက်တဲ့အကြည့်တစ်ချက် ပေးလိုက်တယ်။
"ငါကြားတာက မင်းတို့ရဲ့ဌာနမှာ ဌားရမ်းမှုအသစ်ရှိတယ်ဆို?" စုန့်ရွှမ်ဟယ်က အမဲသားအပိုင်းနောက်တစ်ခုကို ကောက်ယူလိုက်ပြီး ဦးတည်ရအဆင်ပြေဖို့ ကြုံရာအကြောင်းအရာတစ်ခုကို ရွေးချယ်လိုက်တယ်။ဒါကိုသူသာမန်ကာလျှံကာ ဖော်ပြလိုက်ရုံဖြစ်သလိုမျိုး သရုပ်ဆောင်လိုက်ပြီး သူပြောလိုက်တယ်..."သူကငါတို့လိုမျိုး တူညီတဲ့ကျောင်းကနေ ဘွဲ့ရခဲ့တယ်ထင်တယ်။သူအလုပ်မှာ ဘယ်လိုလဲ?"
YOU ARE READING
RMLE / Book-2 (mm translation)
RomansaJust fun translation. Original novel -Transmigrating into The Reborn Male lead's Ex-boyfriend Author -温瑜宽 Type -Web novel boy×boy Genre -Drama,Romance,Shounen ...