Chapter - 76

559 89 10
                                    

/Uni/

စုန့်ရွှမ်ဟယ် ပြောလိုက်တဲ့အခိုက်မှာ အမျိုးသမီးငယ်က တံခါးကို ခေါက်လိုက်တယ်။သူမက နှုတ်ခမ်းစူလျက်နဲ့ စုန့်ရွှမ်ဟယ်ကို မီနူးကမ်းပေးလိုက်တယ်။"မင်း ငါ့အကြောင်းပြောနေတာ ငါ ကြားတယ်!"

"Mn" စုန့်ရွှမ်ဟယ်က ပြုံးလိုက်တယ်။ "ငါ မကောင်းတာ ဘာမှမပြောပါဘူး"

"ငါက ကလေးတစ်ယောက်လို့ မင်း ပြောတယ်။အဲဒါက မင်း ငါ့ကို မယုံကြည်ဘူးလို့ ဆိုလိုတာဘဲ" မိန်းကလေးက စိတ်ကောက်လိုက်တယ်။ပြီးနောက် သူမက ရှောင်ယွမ်မုကို မီနူးလှမ်းပေးပြီး မေးလိုက်တယ် "တာ့ကောကော ငါမှန်တယ်လို့ မင်း ထင်လား၊ မထင်ဘူးလား?မင်း ငါ့ကို ယုံလား?"

ရှောင်ယွမ်မုက မီနူးကို လက်ခံလိုက်ကာ စုန့်ရွှမ်ဟယ်ကို ဖျတ်ခနဲကြည့်လိုက်ပြီးနောက် တည်ငြိမ်တဲ့ — မအေးစက်တဲ့ — အသံနဲ့ ပြောလိုက်တယ် "ငါ မင်းကို ယုံကြည်ပါတယ်"

သူမ ဒါကို ကြားတဲ့အခါ အမျိုးသမီးငယ်က စုန့်ရွှမ်ဟယ်ကို ပြန်ကြည့်လိုက်ပြီး ရှင်းလင်းစွာ ကျေနပ်နေတယ်။သူမက ကြွားလိုက်သလို သူမရဲ့မေးစေ့ကို မော့လိုက်တယ်။စုန့်ရွှမ်ဟယ်က တိတ်ဆိတ်စွာနဲ့ သူမကို မျက်ခုံးတစ်ဖက်သာ ပင့်ပြတာကို သူမမြင်လိုက်ရတဲ့အခါ သူမက နှာမှုတ်လိုက်ပြီး ရှောင်ယွမ်မုဆီကို ပြန်လှည့်လာတယ်။"ငါ့ရဲ့ခန့်မှန်းချက်တွေက အကောင်းဆုံးဘဲလို့ ငါ့ရဲ့ပါးက ပြောတယ်!ငါ ဆယ်နှစ်တုန်းက ဆုတောင်းပေးခဲ့တဲ့ စုံတွဲတစ်တွဲက နှစ်နှစ်အကြာမှာ လက်ထပ်ခဲ့ကြတယ်။သူတို့တွေက ငါ့ကို သူတို့ရဲ့ပန်းပွင့်မိန်းကလေးဖြစ်ဖို့တောင် ဖိတ်ကြားခဲ့တာ!မင်း တကယ်ချစ်တဲ့တစ်ယောက်ယောက်ကို ဦးတည်တဲ့အကြည့်က အခြားသူတွေအ‌ပေါ်ကတစ်ခုနဲ့ မတူဘူးလို့လည်း ငါ့ရဲ့ပါးက ပြောတယ်။ကောကော မင်း ဒီအကိုကြီးကို ကြည့်တဲ့ပုံက အဖေက ပါးကို ကြည့်သလိုမျိုးဘဲ!ငါ အဲဒါကို ဘယ်တော့မှ မှားမှာမဟုတ်ဘူး!"

ရှောင်ယွမ်မုက သူမကို သိချင်စိတ်ပြင်းပြစွာနဲ့ ကြည့်လိုက်တယ်။"အကြည့်လား?"

"Yup!" အမျိုးသမီးငယ်က လေးနက်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။ "အဲဒါက ချစ်နေတဲ့တစ်ယောက်ယောက်ရဲ့ အကြည့်ဘဲ!"

RMLE / Book-2 (mm translation)Where stories live. Discover now