Chapter -77

640 103 13
                                    

/uni/

ရှောင်ယွမ်မုရဲ့မျက်လုံးတွေက မှောင်မိုက်‌နေပြီး သူ့ရဲ့လေသံက  ဖတ်ဖို့မလွယ်ဘူး။"မင်း သဘောတူတယ်?"

"ငါ သဘောတူတယ်"စုန့်ရွှမ်ဟယ်က တစ်ဖက်လူရဲ့မှောင်မိုက်နေတဲ့ မျက်နှာအမူအရာကို သတိမပြုမိပုံပေါ်တယ်။သာမန်ကာလျှံကာဖြစ်တဲ့လေသံနဲ့ သူ ပြောလိုက်တယ် "ငါက ခရီးဝေးဆက်ဆံရေး(ldrs)ကို လုပ်မယ့်တစ်ယောက် ဘယ်တော့မှမဟုတ်ဘူး။မင်းကလည်း အလွန်အလုပ်များပြီး ငါတို့နှစ်ယောက်လုံးက ဒီဆက်ဆံရေးဖြစ်တာကို အစစ်အမှန်ဖြစ်မယ်လို့ တွေးနေပုံမပေါ်ဘူး။ငါတို့ အခု လမ်းခွဲရင် ကိစ္စတွေက မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ပြန်ရောက်လိမ့်မယ်"

"မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ပြန်ပြီး"ရှောင်ယွမ်မုက သူ့ရဲ့နောက်ဆုံးစကားလုံးအနည်းငယ်ကို ပြန်ပြောလိုက်ပြီး နှုတ်ခမ်းတွေက ရုတ်တရက် အကွေးအဝိုက်အဖြစ် မြင့်တက်သွားတယ်။ပြက်ရယ်ပြုမှုက သူရဲ့မျက်နှာပေါ်မှာ အားလုံးရေးထားတယ်။"ငါတို့ လမ်းခွဲတာက 'မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ပြန်ရောက်မယ်'ဆိုရင် ဒီလိုဆို ငါတို့ ပထမဆုံး တွေ့ဆုံခဲ့တုန်းက မင်းအတွက် ငါကဘာလဲ?"

ရှောင်ယွမ်မုက မတ်တတ်ရပ်လိုက်ပြီး စုန့်ရွှမ်ဟယ်နဲ့ ပိုပြီးနီးကပ်အောင်လျှောက်သွားလိုက်တယ်။သူ့ရဲ့မျက်လုံးတွေက မဆုံးနိုင်ဘဲအသူတစ်ရာနက်တဲ့ချောက်တစ်ခုလို အေးစက်နေတယ်။သူတို့အတွင်းမှာ ဖျစ်ညှစ်ပြီးလုပ်ရတဲ့ အတိတ်နိမိတ်မကောင်းတဲ့ မည်းမှောင်ခြင်းလည်း ရှိနေတယ်။သူ့ရဲ့အသံက ဆောင်းရာသီရဲ့နှင်းခဲလို အေးစက်နေတယ်။"အစားထိုးသူတစ်ယောက်လား?"

ရှောင်ယွမ်မု လျှောက်လာတာကို သူ မြင်တဲ့အခါ စုန့်ရွှမ်ဟယ်က အထိတ်တလန့်မဖြစ်နေဘူး။သူ တစ်ဖက်လူရဲ့အကြည့်ကို အေးအေးဆေးဆေး တုံ့ပြန်လိုက်တယ်။ဒါပေမဲ့ 'အစားထိုးသူ'ဆိုတဲ့စကားလုံးကို သူ ကြားတဲ့အခါ မလွဲဧကန်အံ့အားသင့်သွားဆဲဖြစ်တယ်။သူ မျက်မှောင်ကြုတ်လိုက်တယ်။"ဘာအစားထိုးသူလဲ?"

"မင်းနဲ့ဒိတ်ဖို့ ငါ့ကိုခြိမ်းခြောက်ဖို့ မင်းက ဒါရိုက်တာကို အသုံးချခဲ့တဲ့အကြောင်းရင်း"ရှောင်ယွမ်မုက ပိုပြီးနီးနီးကပ်ကပ် ရွှေ့လိုက်ပြီး လက်တွေက စုန့်ရွှမ်ဟယ်နောက်က ဆိုဖာရဲ့နောက်ပေါ်ကို ရောက်သွားတယ်။သူ့ကို ပိတ်ထားပြီးနောက် နိမ့်ပြီး အေးတိအေးစက်ဖြစ်တဲ့အသံနဲ့ သူ ဆက်ပြောလိုက်တယ်
"မင်း ငါ့ကို မကြိုက်သော်လည်း မင်း ငါနဲ့ စုံတွဲလိုဟန်ဆောင်ချင်ခဲ့တဲ့ အကြောင်းရင်း။ငါတို့ အတူပြောင်းရွှေ့ခဲ့ပြီးနောက်မှာတောင်မှ မင်း ငါနဲ့ တစ်ခုခုလုပ်ဖို့ ဘာလို့ ဘယ်တော့မှမကြိုးစားခဲ့တာလဲဆိုတဲ့ အကြောင်းရင်း"

RMLE / Book-2 (mm translation)Where stories live. Discover now