Chapter -58(part.1)

1.1K 226 10
                                    

/Uni/

ပြင်းထန်တဲ့ နှင်းမုန်တိုင်းတစ်ခုက ကောင်းကင်‌ကို လွှမ်းမိုးသွားတယ်။မြို့တော်က ၎င်းရဲ့ ပထမဆုံးနှင်းကျတာကို ကြိုဆိုနေခဲ့တယ်။

စုန့်ရွှမ်ဟယ်က ဒီမနက်မှာ သူ့ရဲ့နှိုးစက်နာရီကြောင့် နိုးလာခဲ့တယ်။သူ့ရဲ့ခေါင်းကို မော့လိုက်တဲ့အပေါ် သူ့ရဲ့ပြတင်းပေါက်တွေကို ဖြတ်လာတဲ့ တောက်ပတဲ့အဖြူရောင်အလင်းတန်းတွေကြောင့် သူ့ရဲ့မျက်လုံးတွေကို ပြာသွားစေခဲ့ပြီး သူ့ရဲ့မျက်ခွံတွေကို အတင်းအကျပ်ပြန်ပိတ်စေခဲ့တယ်။မည်သည့်စိတ်ထင့်ခြင်းမှမရှိဘဲ သူပြန်အိပ်ပျော်သွားခဲ့တယ်။

ဒုတိယအကြိမ်မှာတော့ ရှောင်ယွမ်မုရဲ့အသံကြောင့် သူနိုးလာခဲ့တယ်။"မင်းပင်ပန်းနေတယ်ဆိုရင် နေ့ခင်းဘက် မွေးနေ့ဂုဏ်ပြုထမင်းစားပွဲကို ကျော်လိုက်ကြရအောင်"

ထုံးစံအတိုင်းပြောရရင်တော့ စုန့်ရွှမ်ဟယ်က အိပ်ဖို့ ဘယ်လောက်‌တောင်ခိုင်မာစွာနဲ့ ယိမ်းယိုင်နေပါလျက်နဲ့ စိတ်ကြိုက်အထူးပြုလုပ်ထားတဲ့ နှိုးစက်အသံမဟုတ်တဲ့ ရှောင်ယွမ်မုရဲ့ တည်ငြိမ်တဲ့အသံလိုမျိုးက သူ့ကိုနှိုးနိုင်ဖို့က ကြုံတောင့်ကြုံခဲဘဲဖြစ်တယ်။သို့သော်လည်း ရှောင်ယွမ်မုရဲ့အေးစက်တဲ့အသံက သူ့မျက်လုံးတွေကို ဆက်ခနဲချက်ချင်း ပွင့်သွားစေဖို့ ဖြစ်စေခဲ့တယ်။သူ စိတ်ဗလာနဲ့ အိပ်ရာထဲမှာ ပျင်းရိတတ်တဲ့ သူ့ရဲ့ပုံမှန်အကျင့်ကိုတောင် ကျော်လိုက်ပြီး အဲ့ဒီအစား အလွန်လျင်မြန်စွာ ထလိုက်တယ်။သူ့ရဲ့မျက်နှာက အိပ်စက်ခြင်းကနေ ရှက်သွေးဖြန်းနေပြီး သူဟာ အနည်းငယ် မှင်သက်တွေဝေနေဆဲဖြစ်တယ်။သို့ပေမဲ့ သူ့အသံကတော့ စိတ်ပိုင်းဖြတ်ပြီးသားဖြစ်တယ်။
"ငါတို့ သွားရမယ်"

ရှောင်ယွမ်မုက စကားမပြောတော့ဘူး။အလွန်ကို ပျာယာခတ်နေခဲ့ပေမဲ့ ပြီးခဲ့တဲ့အချိန်တုန်းက စုန့်ရွှမ်ဟယ်ရဲ့ကြိမ်းမောင်းခြင်းကြောင့် နက်နက်ရှိုင်းရှိုင်းကို စိတ်ထိခိုက်နေဆဲဖြစ်တာကြောင့် စုန့်ရွှမ်ဟယ်ကို နိုးဖို့မဝံ့ရဲခဲ့တဲ့ အာ့ရ်ကုံက* သက်ပြင်းချလိုက်ပြီး စိတ်လှုပ်ရှားနေပုံရတယ်။
[big-shot သူ့မိသားစုဆီပြန်သွားတာကို ကူညီရာမှာ မင်း ဒီလောက်တည်ကြည်လေးနက်နေလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး bro!!ငါအရမ်းစိတ်လှုပ်ရှားတာဘဲ!!]
(T/N : အရင်translatorညီမလေးက ကောင်းအာလို့ ရေးတာထင်တယ်။ရှာပြီး အမှန်ပြန်ပြင်ပေးပါ့မယ်။အခုတော့ systemအမည်လို့ သိထားပေးပါ။(•ө•)♡)

RMLE / Book-2 (mm translation)Where stories live. Discover now