Chapter -78

693 87 10
                                    

/uni/

Eve : ဒါက chapterခေါင်းစဉ်မဟုတ်ပါဘူး။chapterက သော့ခတ်ထားတာကြောင့် chapterခေါင်းစဉ်မရှိတဲ့ မူပိုင်ခွင့်ကိုထိပါးပြီးခိုးချရာဆိုက်မှာ ငါ ရှာတွေ့ခဲ့တယ်။

Trigger warning : စိတ်မချရသော သဘောတူညီချက် (ကောင်းပြီ မတိုင်ခင်က အဲဒီအနမ်းအချို့တွေဟာလည်း dubcon*ဖြစ်တဲ့အတွက်  ပုံမှန်ထက်ပိုတယ်)

T/N : *လိင်ပိုင်းဆိုင်ရာ သဘောတူညီမှု မရှင်းမလင်းရှိနေသည့် Erotica သို့မဟုတ် lemon fanfiction။Eng translatorက အနမ်းခန်းနဲ့ဒီဟာက ပုံမှန်နှစ်ဦးနှစ်ဖက်သဘောတူညီမှု မဟုတ်ပါဘူးလို့ပြောချင်တာ ထင်ပါတယ်။chapterခေါင်းစဉ်တွေကအရေးပါပါတယ်။kမထည့်မိဘူး။နောက်မှပြန်ထည့်ပေးပါမယ်။

_____________
စုန့်ရွှမ်ဟယ်က မျက်တောင်ခတ်လိုက်ပြီးနောက် သူ့ရဲ့အကြည့်ကို အဝေးရွှေ့လိုက်တယ်။"ငါတို့က မင်း နိုင်ငံကနေထွက်သွားပြီး ငါတို့လမ်းခွဲတာနဲ့ပတ်သက်တာကို ပြောနေတာ။ငါတို့တွေ လမ်းခွဲခဲ့ပြီးပြီဆိုကတည်းက မင်းက အစားထိုးသူတစ်‌ယောက်ဟုတ်လား၊မဟုတ်ဘူးလားဆိုတာနဲ့ပတ်သက်ပြီး ပြောစရာအကြောင်းမရှိဘူး"

"ကောင်းပြီ" ပြီးနောက် စုန့်ရွှမ်ဟယ်က ဓါတ်ပုံနှစ်ပုံကို ပြန်ငုံ့ကြည့်လိုက်တယ်။သူ 'အင်း'လို့ပြောပြီး သူက ရှောင်ရှန်လင်းရဲ့အစားထိုးသူလို့ ရှောင်ယွမ်မုကို ပြောချင်ခဲ့သော်လည်း ရှောင်ရှန်လင်းကို သူနဲ့ရှောင်ယွမ်မုရဲ့ကိစ္စထဲကို မဆွဲထည့်ချင်ဘူး။ဒါ့အပြင် ရှောင်ရှန်လင်းက ရှောင်ယွမ်မုနဲ့သူ့ရဲ့ဆက်ဆံရေးမှာ တကယ်ကိုအကြောင်းရင်းမဟုတ်ဘူး။ဒါကြောင့် စုန့်ရွှမ်ဟယ် ပြောလိုက်တယ် "ဒါပေမဲ့ မင်းက အဖြေရချင်တဲ့အတွက် ငါ မင်းကိုတစ်ခုပေးမယ် : မဟုတ်ဘူး။ရှောင်ရှန်လင်းက မင်းနဲ့ငါ့ရဲ့ဆက်ဆံရေးမှာ ဘာမှပါဝင်ပတ်သက်ခြင်းမရှိဘူး။ငါ သူ့ကို သူငယ်ချင်းတစ်ယောက်လိုဘဲမြင်တယ်"

ရှောင်ယွမ်မုက စုန့်ရွှမ်ဟယ်ရဲ့မျက်နှာအမူအရာကို ပိုပြီးဂရုတစိုက် စစ်ဆေးလိုက်တယ်။သူ့အပြုံးရဲ့အဝေ့အဝိုက်က နက်ရှိုင်းလာတယ်။"ငါ မင်းကို ယုံတယ်"

"အခု ငါတို့ ကိစ္စတွေဖြေရှင်းပြီးပြီ" စုန့်ရွှမ်ဟယ်က ဓါတ်ပုံတွေကို စားပွဲပေါ်ကိုပစ်လိုက်ပြီး မျက်ခုံးတစ်ဖက်ပင့်လိုက်တယ်။"ငါ ဗိုက်ဆာပြီ။ခေါက်ဆွဲကို အခုလုပ်ရင် ဘယ်လိုလဲ?"

RMLE / Book-2 (mm translation)Where stories live. Discover now