"ပြောပါဦး....ဘာလိုချင်ပြန်ပြီလဲ ကလေးငယ်"
"ဖရဲသီး"
"ကိုယ်အခုဆွေးနွေးစရာကိစ္စလေးတစ်ခုကြောင့်companyမှာလေကွာ
ဖရဲသီးကအပန်းဖြေစံအိမ်မှာရှိတယ်....ရေခဲသေတ္တာထဲမှာ ကလေးငယ်လေး ကြိုက်တတ်တဲ့အရာတွေအပြည့်ပဲမလား""ရေခဲသေတ္တာထဲကဖရဲသီးကအေးနေပြီ
ကိုကိုဝယ်လာပေးတာပဲစားချင်တာ....ဘယ်လိုလုပ်ရပါ့မလဲ....ဟင့်"ညုတုတုအသံလေးနဲ့ပြောနေပုံက
ဖုန်းပြောရင်းနှုတ်ခမ်းကြီးကဆူထွက်နေမှာအသေချာပင်အလုပ်ကိစ္စရှိတာကြောင့်သူဆက်ပြီးငြင်းမနေတော့ဘူး
"ကောင်းပါပြီ....ကိုယ်ဝယ်လာခဲ့မယ်"
"စောင့်နေမယ်နော်"
ပြောစရာရှိတာပြောပြီးဖုန်းချသွားတဲ့သူကငယ်ငယ်လေးတည်းကအခုအရွယ်ရောက်လာသည်အထိကပ်ချွဲနေတုန်းပင်
"သခင်လေးဆီကိုကျွန်တော်သွားပေးရမလား Boss"
"မလိုဘူး....ငါကိုယ်တိုင်သွားမယ်"
ရှယ်ယာရှင်များအစည်းအဝေးပြီးတော့ရှောင်းကျန့်companyကထွက်လာပြီးmarketတစ်ခုကိုဦးတည်လိုက်တယ်
သစ်သီးဆိုင်တစ်ဆိုင်ကိုဝင်လိုက်ပြီးကောင်းမယ့်ပုံပေါ်တဲ့ဖရဲသီးတစ်လုံးကိုကောက်ကိုင်လိုက်ပြီးcounterကိုသွားပြီးငွေချလိုက်တယ်
ငွေချေပြီးထွက်လာကာမှအရသာစုံလင်လှတု့ရေခဲမုန့်တွေကိုသူတွေ့လိုက်သည်
ဝယ်သွားရင်ကောင်းမလားစဉ်းစားမိသော်လည်းမဖြစ်နိုင်ပါ
ရေခဲမုန့်တွေအစားချိုမြိန်လှတဲ့chocolate cakeတစ်လုံးသာဝယ်သွားလိုက်သည်Cakeဘူးလေးကိုလက်ကဆွဲလို့
ကျန်လက်တစ်ဖက်ကဖရဲသီးကိုပိုက်လျက်
အနည်းငယ်တော့ရယ်ရတယ်....သူလိုအနက်ရောင်ဝတ်စုံပြည့်နဲ့လူတစ်ယောက်က
နောက်မှာလည်းbodyguardတွေအများကြီးနဲ့လေ
အဲ့လိုလူကဖရဲသီးကြီးပိုက်ပြီးလမ်းလျှောက်နေခဲ့တာဒါတွေဟာမဆန်းပါဘူး
သူလိုချင်တာတွေကိုဖြည့်ဆည်းပေးရတာကျုပ်အတွက်တော့အသက်တစ်ချောင်းပိုရှည်စေတဲ့ပီတိဆေးတွေမို့နောက်လည်းဖြည့်ဆည်းပေးဦးမှာပေါ့