"ဒဏ်ရာကနည်းနည်းတော့နက်တယ်....စိုးရိမ်ရတဲ့အခြေအနေမျိုးတော့မရှိဘူး"
"ဟူး~~~~ "
ရှောင်းသခင်မကြီးခုမှသက်ပြင်းချနိုင်တော့သည်
သေနတ်ဒဏ်ရာအများကြီးနဲ့သူ့သားကအခြေအနေပိုဆိုးနေခဲ့တာမလားသူတို့လာတဲ့လမ်းမှာရှဲ့မျိုးရိုးတွေကပိတ်ပင်တားဆီးခဲ့ပေမဲ့မိသားစုနှစ်စုပေါင်းရဲ့နောက်ခံအင်အားကိုမယှဉ်နိုင်တာကြောင့်ရှဲ့မျိုးရိုးတချို့ကသေဆုံးပြီးတချို့ကအဝေးကိုထွက်ပြေးကုန်ကြတယ်
သူတို့ရောက်သွားတဲ့အချိန်ထိုကလေးငယ်ဟာသူ့သားရဲ့ရင်ခွင်ထဲမှာသတိလစ်နေခဲ့ပြီ
သူ့သားကလည်းအေးစက်ပြီးတကိုယ်လုံးပြာနှမ်းနေခဲ့တာကြောင့်တော်တော်လေးပင်ပြာယာခတ်သွားရသည်ကလေးငယ်ရဲ့အခြေအနေဟာတည်ငြိမ်ပေမယ့်သူ့သားအခြေအနေကတော့သွေးတွေအမြောက်အမြားဆုံးရှုံးထားတာကြောင့်မတည်ငြိမ်သေး
မြေးနှစ်ယောက်လုံးကိုစိတ်ပူတဲ့အဖိုးအိုဟာလည်းသတင်းကြားချင်းပင်ဆေးရုံကိုတန်းပြီးလာလေသည်
အရေးပေါ်ခန်းထဲကအရင်ထွက်လာတဲ့ကလေးငယ်ရဲ့အခန်းထဲကိုသွားနှင့်လိုက်တယ်ဆေးပိုက်တွေရှုပ်ယှက်ခတ်အောင်ဆင်ထားပေးခံရတဲ့ကလေးငယ်ဟာဆေးပိုက်တွေအောက်မှာခန္ဓာကိုယ်လေးပျောက်လုမတတ်ပင်
နဖူးလေးကိုလက်နဲ့ပွတ်သပ်ပေးကာ"ပင်ပန်းသွားပြီ...."
သူဟာသူ့မြေးထက်ဒီကလေးငယ်ကိုပိုချစ်ရှာတယ်
သူ့ကိုယ်သူစိတ်အလိုမကျမှုတွေကနေရုန်းထွက်နိုင်အောင်ကလေးငယ်ကဖျောင်းဖျပေးခဲ့တဲ့အပြင်
အမှောင်အခန်းငယ်ထဲကနေလောကကြီးကိုနောက်တစ်ကြိမ်ပြန်လည်ထိတွေ့နိုင်အောင်လည်းဒီကလေးငယ်ကပဲစိတ်ခွန်အားပေးခဲ့တာကြောင့်ပင်ရှောင်းသခင်မကြီးအခန်းထဲဝင်လာပြီး
"သားရဲ့ဆန္ဒအတိုင်းBlue rough diamondထားတဲ့နေရာကိုဖျက်ဆီးလိုက်ပြီ"
"ကောင်းတယ်"
ထိုစကားတခွန်းသာပြောပြီးအဖိုးအိုဟာအခန်းထဲကပြန်ထွက်သွားလေသည်
သူအပြင်ကိုထွက်လာတော့လူတွေကသူ့ကိုအကြည့်မျိုးစုံနဲ့ကြည့်နေကြတယ်
ဒါပေမဲ့ကလေးငယ်ပေးတဲ့စိတ်ခွန်အားတွေကြောင့်သူခံနိုင်ရည်ရှိနေပြီ