"အဲ့လိုကြီးမလုပ်ပါနဲ့.....ကိုကိုကအကုန်လုံးကိုချစ်ပါတယ်""မဟုတ်ဘူး....ငါ့သားကငါ့ကိုမချစ်ဘူး
ငါတစ်ယောက်တည်းဘာလို့ဆက်နေရတော့မှာလဲ
ငါ့သားကမင်းကိုပိုချစ်တာ
ငါမရှိလည်းမင်းတို့အဆင်ပြေကြတယ်မလား
မင်းကိုလည်းအလိုမကျတဲ့သူရှိမှာမဟုတ်တော့ဘူးလေ
ဘာလို့လာတားရတာလဲ...."ဆူညံသံတွေကြောင့်နိုးလာပြီးအသံလာရာအခန်းကိုသွားရှာဖွေမိတော့ရှောင်းသခင်မကြီးအခန်း
ရှောင်းသခင်မကြီးကပြတင်းပေါက်ကနေခုန်ချတော့မယ်တကဲကဲလုပ်နေတာကြောင့်ကလေးငယ်မှာထိတလန့်စွာပင်ပြေးဆွဲမယ်လုပ်တော့
အနားတိုးလာတာနဲ့အမျှအတင်းရုန်းကန်ကာခုန်ချမယ်ချည်းပဲလုပ်နေတော့သည်တစ်အိမ်လုံးမှာသူတို့နှစ်ယောက်တည်းရှိနေတဲ့အတိုင်းဘာလို့တစ်ယောက်မှပေါ်မလာကြတာလဲ
"နင်တို့အဖေတွေကတစ်ယောက်နဲ့တစ်ယောက်ပြန်သတ်ခဲ့ကြတာ
ဒါကိုနင်တို့ကရောတစ်ယောက်နဲ့တစ်ယောက်ကြည်ဖြူကြတယ်လား
ဘယ်လိုစိတ်တွေနဲ့....ဘယ်လိုစိတ်တွေနဲ့နင်တို့တစ်ယောက်ကိုယ်တစ်ယောက်ချစ်နိုင်ကြတာတုန်း""ဒါတွေကရှင်းပြရင်တောင်သခင်မကြီးကနားလည်မှာမဟုတ်ဘူး
အဲ့တာကြောင့်နားလည်အောင်ရှင်းပြပေးမှာမို့ဆင်းခဲ့ပါနော်"အငိုအယိုနဲ့ပြောနေတဲ့ရှောင်းသခင်မကြီးဟာတော်တော်အခဲမကျေပုံ
ဝုန်း!!!!....
အခန်းတံခါးကိုအကြမ်းပတမ်းဖွင့်လို့အဖိုးအိုဟာအခန်းထဲဝင်လာခဲ့တယ်
"လာ"
ကလေးငယ်လက်ကိုဆွဲကာအခန်းအပြင်ကိုထွက်မယ်လုပ်နေလေသည်
"ဖိုးဖိုး....ဒီမှာ"
"ဘာမှတားဖို့ကြိုးစားမနေနဲ့.....ဒီမိန်းမအချိုးတွေကပြောင်းလဲမသွားဘူး
အရင်တုန်းကရောခုချိန်အထိရော
သူငာတစ်ကယ်တမ်းသတ်သေချင်တယ်ဆိုရင်တိုးတိုးတိတ်တိတ်သေနေလောက်ပြီ
ဘာလို့ဒီပစ္စည်းတွေကိုလွှင့်ပစ်ပြီးအသံပေးနေမှာတုန်း
ပါးနပ်စမ်းပါ""ငါတစ်ကယ်သတ်သေမှာ!!!!! "
ကလေးငယ်ဟာအဖိုးအိုကိုကြည့်နေရင်းပင်