"ကလေးလေး.....ကိုကိုဒီနေ့choco cakeကိုလူတန်းစီပြီးဝယ်လာခဲ့တယ်
မင်းအရမ်းကြိုက်တာမလား....ပြီးတော့ဖရဲသီးရော"ကုတင်ပေါ်ကနေငုတ်တုတ်လေးထထိုင်ကာ
မုန်လာဥမြင်တဲ့နားရွက်ထောင်ယုန်လေးတစ်ကောင်လိုမျက်လုံးလေးများဟာလည်းဝိုင်းစက်လို့"Choco cakeအရင်ကျွေး"
"နေဦး....မနက်စာဘာစားပြီးပြီလဲ"
"ကိုကိုမရောက်လို့ဘာမှမစားရသေးဘူး"
ရှောင်းကျန့်သူဝယ်လာတဲ့ Choco cakeလေးကိုအိတ်ထဲကထုတ်ပေးလိုက်လေသည်
သုံးမြှောင့်ပုံစံနဲ့အလုတ်ကြီးကြီးစားမယ်ဆိုသုံးလုတ်စာလောက်သာရှိတာကြောင့်သူဗိုက်ပြည့်ပါမလားစိုးရိမ်ရပြန်တယ်"အမဲသားဟင်းရည်နဲ့အမဲသားနှပ်ခေါက်ဆွဲလည်းစားချင်သေးတယ်"
"အဲ့တာတွေကနေပြန်ကောင်းရင်ကိုကိုလိုက်ဝယ်ကျွေးပါမယ်
ဒါတွေအရင်စားပါဦး""ကိုကိုအခန်းထဲဝင်လာတော့လေ.....Choco cakeထည့်ထားတဲ့လက်ဆွဲအိတ်လေးကိုကိုင်ပြီးတစ်ဖက်ကဖရဲသီးကြီးကိုပိုက်ထားတာတစ်ကယ်ချစ်စရာကြီးသိလား
အပေါ်coatအရှည်ကြီးနဲ့တအားချောနေတာကိုဒီလိုပိုက်ထားပြီးလာရတော့ချောမောခန့်ညားမှုတွေကိုဖရဲသီးလုံးကြီးကနှောင့်ယှက်သလိုများဖြစ်နေပြီလားမသိဘူး""အကောင်ပေါက်လေး....မင်းငယ်ငယ်တုန်းကကြီးကောင်ကြီးမားနဲ့ကလေးတွေကြားထဲတိုးပြီးကိုယ်အရုပ်လုပေးခဲ့ရသေးတယ်လေ
မှတ်မိလား""ခစ်ခစ်"
"ရယ်မနေပါနဲ့"
တခစ်ခစ်နဲ့ရယ်နေသောကလေးငယ်ကိုရှက်ရမ်းရမ်းလိုက်ကာဖရဲသီးကိုအစိတ်လေးတွေဖြစ်အောင်ပိုင်းနေလိုက်တယ်
"ကလေးလေးဆေးရုံကဆင်းရင်တော့ကိုယ်အလုပ်များတော့မယ်ထင်တယ်"
"ဘာလို့လဲ"
"နိုင်ငံခြားမသွားဖြစ်တော့ဘူးလေကွာ.....အဲ့တော့ဒီကအလုပ်တွေအမြန်လက်စသတ်ဦးမယ်
ပြီးတော့ကိုယ်မိသားစုရေးရာကိစ္စတစ်ချို့လည်းလုပ်စရာရှိတယ်""မိသားစုရေးရာကဘာလဲ"
"အချိန်တန်ရင်ကိုယ်ပြောပြမှာပေါ့"