"ခွမ်း...."
"ဘာဖြစ်တာ"
"ဘယ်သွားမှာလဲ"
"သွားကြည့်မယ်လေ....ဟိုထမင်းသွားပို့တဲ့လူတစ်ခုခုဖြစ်နေတာလားမသိဘူး"
အသံလာရာကသူတို့နဲ့မလှမ်းမကမ်းအခန်းထဲက
သူသွားကြည့်မယ်ဆိုတော့ရှောင်းကျန့်ကသူ့လက်ကိုဆွဲထားလိုက်တယ်"မသွားရပါဘူး....ဘာမှန်းမသိဘဲနဲ့"
"အဲ့တာကကိုကို့အဖိုးလေ....ဘယ်လိုတောင်ပြောထွက်တာလဲ"
"ကိုကို့အဖိုးဆိုတာမှန်ပေမဲ့သူဘာအခြေအနေရှိနေလဲဆိုတာကိုယ်တို့မသိဘူးမလား
အဲ့တာကြောင့်ဘာမှမစွန့်စားနဲ့
သူတို့ဘာသူတို့ကြည့်ပြီးဖြေရှင်းကြလိမ့်မယ်""ဟွန့်"
မျက်နှာချက်ချင်းပျက်သွားကာအသံချိုချိုလေးနဲ့
"ကိုကို"
"ဘာလိုချင်ပြန်ပြီလဲ"
"အဲ့အခန်းထဲကိုသွားကြည့်ရအောင်လေနော်"
"ခက်ပါရောလား"
"သွားမယ်ဆို"
"လိမ်မာတယ်....မသွားနဲ့
ကိုကိုနဲ့အတူတူအိပ်ရအောင်....လာ""မလာဘူး"
ခါးကိုလာဖက်တဲ့လက်တွေကိုအတင်းဖြုတ်ချကာအခန်းတံခါးချည်းဆွဲဖွင့်နေတော့
"လာ....သွားမယ်"
ကလေးငယ်ရဲ့လက်ကိုဆွဲကာသူကိုယ်တိုင်အခန်းတံခါးဖွင့်ပြီးထိုအခန်းရှေ့ကိုဦးတည်လာခဲ့လိုက်တယ်
အခန်းတံခါးကိုဖွင့်လိုက်တော့တစ်ခန်းလုံးမှောင်မဲလျက်"ခုနအသံကြားလို့....တစ်ခုခုများဖြစ်သွားသေးလား"
ကလေးငယ်ကအသံခပ်အုပ်အုပ်ဖြင့်ပြောလိုက်သော်လည်းအခန်းဟာတိတ်ဆိတ်ဆဲ
ရှောင်းကျန့်ကလေးငယ်ကိုလက်မောင်းကြားထဲထည့်လို့နံရံကမီးခလုတ်ကိုသာလိုက်စမ်းနေမိသည်
အဖုအထစ်လေးကိုတွေ့လို့နှိပ်လိုက်တော့တစ်ခန်းလုံးမီးတွေကထိန်ခနဲ"ဟာ့"
မီးတွေလင်းလာတာနဲ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ရှောင်းကျန့်မျက်လုံးတွေကိုမှိတ်ချလိုက်သည်
ကလေးငယ်ဟာလည်းရှောင်းကျန့်ရင်ဘတ်ပေါ်မျက်နှာအပ်လို့ရင်ဘတ်နားကအင်္ကျီစတွေကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလျက်