"အမြဲတမ်းငါပဲစောင့်နေရတာ....ငါပဲစောင့်နေရတာ
နောက်ကျမယ်ဆိုလည်းပြောခဲ့လို့ရတာကို
ဘာလို့ငါ့ကိုအရူးလိုစောင့်ခိုင်းရတာလဲ""ကလေးလေး...အအေးမိနေပြီ
ကိုယ်အမြန်အဝတ်လဲပေးမယ်"သူ့စကားတွေကိုအလေးမထားသည့်အတိုင်းရှောင်းကျန့်ကသူပြောချင်ရာတွေပြောနေတော့တာပဲ
အဝတ်တစ်ချို့ကိုထုတ်ကာကလေးငယ်အနားယူသွားပြီးကလေးငယ်ကိုအဝတ်လဲဖို့ပြင်ဆင်ပေးတော့"ကိုကိုငါမေးတာတွေဖြေဦး
အစောကြီးပြန်မလာနိုင်ရင်လည်းဘာလို့စောင့်ခိုင်းနေရတာလဲ""ကိုယ်မှားပါတယ်ကွာ....တောင်းပန်ပါတယ်နော်
နောက်မှအေးအေးဆေးဆေးပြောရအောင်
လောလောဆယ်ကလေးလေးတုန်ယင်နေပြီ....တစ်ခုခုစားပြီးနွေးနွေးထွေးထွေးနေလိုက်
အရမ်းချမ်းနေရင်ကိုယ်ဖက်ထားပေးရမလား""မလိုဘူး.....ဒီညအခန်းခွဲအိပ်မယ်"
ထိုစကားသံကိုကြားတော့ရှောင်းကျန့်စိတ်ပျက်လက်ပျက်နဲ့ထိုင်ချလိုက်တယ်
"မအိပ်နိုင်ဘူး....ကလေးလေးနေမကောင်းဖြစ်ရင်ဘယ်လိုလဲဆိုတာကိုယ်သိလို့အခန်းခွဲမအိပ်နိုင်ဘူး
ကိုယ်မှားတာကိုယ်သိတယ်
ဒီတစ်ခါနောက်ဆုံးပါပဲကွာ""နောက်ဆုံးဆိုတဲ့စကားကိုအကြိမ်တိုင်းပြောနေခဲ့တာမလား
အခန်းခွဲအိပ်မယ်"ခေါင်းတွေတောင်ရေစင်အောင်မသုတ်ရသေးတဲ့ကလေးငယ်ဟာထိုင်နေရာမှထကာအခန်းအပြင်ထွက်သွားမယ်ကြံတော့
"မင်းဘာဖြစ်ချင်နေတာလဲ"
"ဘာမှမဖြစ်ချင်တော့တာမို့....ဟိုဘက်အခန်းမှာသွားအိပ်တော့မယ်
စောစောအိပ်ရာဝင်ပြီ....နည်းနည်းပင်ပန်းလို့"တုန်ယင်နေတဲ့ခန္ဓာကိုယ်ကိုအပေါ်ကအဝတ်တွေကမဖုံးကွယ်နိုင်ခဲ့ဘူး
ရှောင်းကျန့်သူ့ခန္ဓာကိုယ်ကအဝတ်စိုတွေကိုမလဲဖြစ်သေးချက်ချင်းမတ်တပ်ရပ်ကာထိုကလေးငယ်ရှိရာကိုသွားပြီးလက်ကနေဆောင့်ဆွဲကာကုတင်ပေါ်ပစ်ချလိုက်တယ်
"မင်းဒီညအခန်းခွဲအိပ်ရင်ငါမင်းရှိတဲ့အိမ်ကိုဘယ်တော့မှပြန်မလာဘူး"