သူCompanyကပြန်လာပြီး(၄)ရက်မြောက်နေ့မှာပဲသူ့အိမ်ကတစ်ခုခုထူးခြားလာတယ်
လူအရိပ်တွေတွေ့လာခဲ့ခြင်းသာ....လိုက်ရှာဖွေရင်မတွေ့တော့
ညတိုင်းအိမ်ကိုလူကပ်သလို
သူလူအင်အားဘယ်လောက်သုံးသုံးထိုအရိပ်အယောင်ကိုရှာမတွေ့ကလေးငယ်ကတော့မသိရှာသေး
"ကိုကို....ဘာလို့ညဘက်တွေဆိုအတူတူမအိပ်တာလဲ"
"ကိုယ်အတူတူအိပ်ပါတယ်ကွာ
ကိုယ်ရေထသောက်တဲ့အချိန်မင်းကနိုးနေလို့ပေါ့
ကိုယ်အခန်းထဲပြန်ဝင်လာတဲ့အချိန်တိုင်းကလေးလေးကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့တာလေ""အွန်း....ထားပါတော့
မနက်ပိုင်းတွေလေ....စူးရှရှအနံ့တွေရတယ်
သစ်ရွက်စိမ်းရနံ့မျိုးလေ
အရမ်းကိုဆိုးဝါးတယ်...လိုက်ရှာတာလည်းမတွေ့ဘူး""တစ်ခုခုဆိုရင်လေ
အဲ့အရာကိုလိုက်ရှာနေမယ့်အစားအဲ့အရာရဲ့အဝေးဆုံးကိုရောက်အောင်သာထွက်ပြေးလိုက်
ကိုယ်ပြောတာနားလည်လား""နည်းနည်းတော့နားလည်ပါတယ်....ဒါပေမဲ့ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ကလေးလေးတစ်ခုခုဖြစ်မှာစိုးလို့"
ခေါင်းလေးညိမ့်ပြလိုက်တယ်
သူ့အိမ်ကအခုရက်ပိုင်းထူးဆန်းနေတော့အမှန်ပင်
ဘာတွေကြောင့်ဘယ်လိုတွေဖြစ်ရတာလဲ
သူမသိတာကလွဲရင်အကုန်လုံးကတစ်ကယ်ကြီးထူးဆန်းနေခဲ့တာအစောင့်တွေထပ်တိုးပြီးချထားခဲ့သလိုသူဟာလည်းအရင်လိုအိမ်ပြန်ချိန်တွေမှာနောက်မကျခဲ့ဘူး
အလုပ်မပြီးရင်အိမ်မှာပဲလုပ်လေ့ရှိတယ်
အကြောင်းအရင်းကိုမသိတဲ့ကလေးလေးကတော့အိမ်မှာသူအမြဲရှိနေတာကိုမြင်တော့ကျေနပ်နေတာပေါ့အလုပ်လုပ်နေသူဘေးနားသွားကာပွတ်သီးပွတ်သပ်နဲ့
"ကိုကို...."
"အွန်း....ဘာလိုချင်ပြန်ပြီလဲ"
"ရေခဲမုန့်လေးစားလို့ရလား"
"မရဘူး....ညရောက်နေပြီ
ဘယ်လိုလုပ်စားလို့ရနိုင်မှာလဲ""ဒါပေမဲ့အခုစားချင်တာလေ....နောက်နေ့မနက်ဆိုတာမသေချာတဲ့ကိစ္စကိုဘာလို့ခုချက်ချင်းစားချင်တာကိုခုချက်ချင်းမကျွေးရတာလဲ"