"ကိုကို.....ဘာလို့ဒီနေ့အစောကြီးမနိုးရတာလဲ"
"ကိုယ်နေမကောင်းဘူး"
"ညတုန်းကချွေးတွေနဲ့နောက်ကျမှလည်းပြန်လာတယ်
ပြီးတော့ရေတန်းချိုးလိုက်လို့များလား"နဖူးလေးကိုလက်ဖဝါးလေးနဲ့အုပ်ကိုင်ပြီးနှုတ်ခမ်းတထော်ထော်နဲ့ထင်ကြေးတွေတစ်ခုပြီးတစ်ခုပေးနေပြန်သည်
"ဆရာဝန်ခေါ်ရမယ်"
မနက်အိပ်ရာနိုးတိုင်းသူ့ခါးကိုလက်နှစ်ဖက်နဲ့ချိတ်တွယ်ပြီးတစ်ခါတစ်လေသူ့ပေါင်ပေါ်အထိခေါင်းအုံးအိပ်တတ်တဲ့ဒီလူကြီးဟာအခုလည်းသူ့ပေါင်ပေါ်ခေါင်းတင်လို့နှာသံတွေနဲ့စကားပြောလျက်
"ငြိမ်ငြိမ်နေ....ဆရာဝန်မလိုဘူး
ကိုယ်သိတယ်....ဒီကအကောင်ပေါက်လေးပဲလိုတာ""အွန်း"
သူမျက်နှာမသစ်ရသေးဘဲရှောင်းကျန့်အဆင်ပြေလောက်မည့်အချိန်ထိဒီအတိုင်းပင်ထိုင်နေဆဲ
နာရီဝက်လောက်ကြာသွားတော့မှ
"မျက်နှာသွားသစ်ရအောင်"
"အဆင်ပြေလား....တွဲသွားရမလား
သွားတိုက်တံတွေကိုဒီကိုယူလာရမလား""ကိုယ့်ကိုတွဲပေး"
"အွန်း"
သူ့ခန္ဓာကိုယ်ကိုဒီကလေးငယ်ဟာဘယ်လိုနိုင်မှာတုန်း
တမင်သက်သက်အကျင့်ယုတ်နေခဲ့ခြင်းသာ
ရေချိုးခန်းထဲမှာသူသွားတိုက်ပြီးတော့ကလေးငယ်ကမျက်နှာသစ်ပေးခဲ့တယ်
မျက်နှာကိုတဘတ်နဲ့သုတ်ပေးပြီးတော့အိပ်ရာပေါ်ပြန်သွားကြလေသည်"နေဦး....တစ်ခုခုစားပြီးဆေးသောက်ရမယ်လေ
ဆရာဝန်မလိုဘူးဆို
အဲ့တာတွေသွားယူရမှာပေါ့""အဲ့တာဆိုလည်းမကြာစေနဲ့နော်"
အောက်ထပ်ကိုပြေးသွားကာမီးဖိုဆောင်ထဲဝင်သွားပြီး
ချက်ပြုတ်နေတဲ့သူတွေကို"ဟိုဟာလေ....ကိုကို့အတွက်ဆန်ပြုတ်လေးပြုတ်ပေးပါလား"
မီးဖိုဆောင်ကလူတွေဟာသူ့ကိုကြောင်ကြည့်လျက်
"ဘာလုပ်ဖို့လဲ"
ရှောင်းသခင်မကိုမြင်တော့အားလုံးဟာဦးညွှတ်သွားလျက်