part(16)

1K 84 6
                                    

"အဲ့ရေနံတွေမင်းသောက်ပြီးအဲ့ပုလဲတွေကိုမင်းဖင်ထဲထိုးထည့်ထားလိုက်
မင်းကများရှောင်းမျိုးရိုးကိုကြံရဲတယ်ပေါ့"

ဝတ်ထားတဲ့coatအင်္ကျီလက်ကိုဆွဲတင်ကာလက်သီးလက်မောင်းတန်းပြီးထိုးမယ်ကျိတ်မယ်ပြင်တော့ရှောင်းကျန့်လူအုပ်ကြားထဲတိုးဝင်ကာကလေးငယ်ကိုချုပ်ထားပြီးသူ့လက်မောင်းကြားထဲထည့်ကာ

"စိတ်လျှော့....babyကြိုက်တဲ့choco cakeလေးအရမ်းကောင်းတာပဲ"

ကလေးငယ်ကိုချုပ်ထားရင်းပါးစပ်ထဲchoco cakeအပိုင်းလေးထည့်ပေးပြီးဆွဲခေါ်သွားလေသည်
လူကသာဒေါသထွက်နေတာcakeကိုတော့ကောင်းကောင်းမွန်မွန်ဝါးစားတုန်း
ကျန်တဲ့တစ်ပိုင်းကိုတော့သူစားလိုက်လေတယ်
သူတို့ထိုင်နေတဲ့စားပွဲဝိုင်းရောက်တော့မှ

"လူတွေအများကြီးရှိနေတာဘာဖြစ်တာတုန်း
စိတ်လျှော့ပါ"

"သူကရှောင်းမျိုးရိုးကိုကြံနေတာကိုမသိဘူးလား
ဘာလို့တားနေရတာလဲ"

"ဒီမှာကလေးလေးသူတို့ပါးစပ်ကကြံမယ်ပဲပြောတာ
တစ်ကယ်တမ်းအပိုင်ရနေတာဘယ်သူလဲ"

ကလေးငယ်မှာသေချာတွေးတောပြီး

"ဟမ့်....ဟုတ်သားပဲ"

"လိမ်မာစမ်းပါဘေဘီရယ်"

ခဏကြာတော့ပွဲဟာဒီအတိုင်းပါပဲ
ဒီလိုပွဲတွေမှာဒီလိုပြဿနာတွေဖြစ်တာမဆန်းကြယ်တာမို့ဘယ်သူကမှသိပ်ပြီးအရေးတယူမလုပ်ကြ
အိမ်တော်ကြီးကသခင်ငယ်လေးတွေဟာမောက်မာပြီးရန်ဖြစ်ကြတာဘာများထူးဆန်းနေဦးမှာလဲ

"ပေးပေး....ကိုကို့လက်ထဲကဟာပေးစမ်း
တစ်ကယ်ဒေါသထွက်တယ်"

"အဲ့တာဝိုင်တွေ"

"အစ်....လာမပြောနဲ့
ချိုမလိုလိုနဲ့ခါးပြီးအနံ့လေးကကောင်းတယ်"

လက်ထဲကဝိုင်ခွက်ကိုဆွဲယူသောက်လိုက်ပြီးတော့ခဏအကြာတော့သူ့မျက်လုံးတွေဟာမှေးစင်းလာလေတယ်
စားပွဲပေါ်မှောက်လျက်ဘုန်းခနဲခေါင်းကျသွားလေသည်

ရှောင်းကျန့်လည်းpartyမှာဆက်မနေတော့ဘဲ
ကလေးငယ်ကိုကုန်းပိုးကာလူကြီးတစ်ချို့ကိုနှုတ်ဆက်ပြီးပြန်လာခဲ့တယ်
ရှဲ့မျိုးရိုးကအဖိုးအိုဟာအကြီးဆုံးလူဖြစ်တာမို့နှုတ်ဆက်သွားတော့
ထိုအဖိုးအိုရဲ့ဘေးနားမှာမြေးဖြစ်သူရှဲ့လင်းကမတ်တပ်ရပ်လျက်ရှိတာမို့
မနှုတ်ဆက်လျှင်မကောင်းတတ်ပေ
အဖိုးအိုမှာတအားကိုပါးနပ်လွန်းတယ်

𝐓𝐞𝐥𝐥 𝐌𝐞!!! 𝐖𝐡𝐚𝐭 𝐃𝐨 𝐘𝐨𝐮 𝐖𝐚𝐧𝐭Where stories live. Discover now