part(17)

1.1K 74 4
                                    

"ရှဲ့လင်း....မင်းဘယ်လိုလူကိုသွားစမိတာလဲ"

"သူကဝမ်မျိုးရိုးမှန်းမသိလို့ပါ"

"တိတ်စမ်း!!!!....ငါလိုချင်တာအကြောင်းပြချက်မဟုတ်ဘူး
အဖြေတစ်ခု....အဖြေတစ်ခုကိုလိုချင်တာ"

"....."

"မိသားစုကြီးတွေဆန္ဒပြင်းပြစွာလိုချင်နေတဲ့အကောင်းဆုံးနဲ့တန်ဖိုးအရှိဆုံးအရာကဝမ်မျိုးရိုးတွေဆီမှာပဲရှိတယ်
ဝမ်စူးရန်ကမီးလောင်ပြီးသေသွားခဲ့ပေမယ့်
သူ့သားအတွက်တစ်ခုခုတော့ချန်ခဲ့မှာပဲ....ဝမ်စူးရန်လက်ထက်တည်းကလေလံပွဲတစ်ခုမှာသူရခဲ့တဲ့ရှားပါးအပြာရောင်စိန်ရိုင်းတုံးကြီး(blue rough diamond)ကခုထိပေါ်မလာခဲ့သေးဘူး
ထားတဲ့နေရာကိုရှာရတာလွယ်ပေမယ့်သော့ကိုတော့ငါတို့မတွေ့သေးဘူး
တစ်ကယ်လို့စိန်တုံးကြီးကိုများရခဲ့ရင်ငါတို့ကအချမ်းသာဆုံးဖြစ်ပြီးကျန်တဲ့မိသားစုကြီးတွေကငါတို့ဖိနပ်အောက်အလိုလိုရောက်လာရလိမ့်မယ်"

"ဝမ်စူးရန်ကမိသားစုကြီးတွေထဲမှာအချမ်းသာဆုံးဖြစ်ပြီးဘာဖြစ်လို့ရှောင်းမျိုးရိုးရဲ့လက်ချက်နဲ့သေသွားရတာလဲ"

"ရှောင်းမျိုးရိုးကဝမ်မျိုးရိုးနဲ့လုပ်ဖော်ကိုင်ဖက်တွေ
လေလံပွဲမှာရှုံးသွားတော့အငြိုးအတေးထားပြီးဝမ်မျိုးရိုးကိုလုပ်ကြံတယ်
ဒါပေမဲ့ဝမ်စူးရန်တင်မဟုတ်ဘူး....လာတားတဲ့သူ့မိန်းမကိုပါသတ်ပစ်ခဲ့တာ
ဝမ်စူးရန်ကအဆိပ်ပြင်းတယ်....သေခါနီးမှာတောင်ရှောင်းမျိုးရိုးကိုရအောင်သတ်သွားတာ
မိသားစုကြီးကလူတွေအန္တရာယ်ကျရောက်ပြီဆိုကလဲ့စားချေပေးဖို့နဲ့ကာကွယ်ပေးဖို့နောက်ခံတွေရှိပြီးသား
ဝမ်စူးရန်ကရှောင်းမျိုးရိုးအိမ်ကိုမိနစ်(၃၀)အတွင်းဖောက်ခွဲပစ်ခဲ့တယ်
သူ့အိမ်ကတစ်ယောက်တည်းပဲရှိတဲ့သူ့သားအငယ်လေးနဲ့ရှောင်းမျိုးရိုးကတစ်ဦးတည်းသောမြေးကိုရှောင်းအဖိုးကြီးကထွက်ပြေးခိုင်းခဲ့တယ်
သေချာပေါက်သော့ရှိတဲ့နေရာကိုအဖိုးကြီးကသိလိမ့်မယ်"

စားပွဲပေါ်မှာတင်ထားတဲ့လက်ဖက်ရည်ခွက်ကိုယူပြီးတစ်ငုံလောက်သောက်ကာဆက်ပြောလေသည်

𝐓𝐞𝐥𝐥 𝐌𝐞!!! 𝐖𝐡𝐚𝐭 𝐃𝐨 𝐘𝐨𝐮 𝐖𝐚𝐧𝐭Where stories live. Discover now