ရှောင်းကျန့်ကိုဖက်ထားကာလက်မောင်းပေါ်ခေါင်းအုံးထားတဲ့ကလေးငယ်ဟာလေးလံတဲ့နွမ်းနယ်မှုနဲ့အတူနိုးလာလေသည်
သူနိုးလို့မျက်လုံးဖွင့်ကြည့်တော့ပထမဦးစွာရှောင်းကျန့်ရဲ့မေးရိုးတွေကိုမြင်လိုက်ရတယ်"အင်း~~~~ဘယ်အချိန်ကြည့်ကြည့်
မတော်မတရားချောနေတော့တအားစိတ်ပူရတယ်
ပြွတ်စ့်"ရှောင်းကျန့်ပါးကိုအရင်ဦးအောင်နမ်းလိုက်လေသည်
လက်ပေါ်ကခေါင်းကိုကြွကာအိပ်ရာထမယ်ပြင်တော့ထိုလက်ကသူ့ခါးကိုတင်းကြပ်စွာလာဖက်ထားလေတယ်"အစောကြီးမထနဲ့....ညကသောက်ထားတဲ့အရှိန်နဲ့ခေါင်းတွေနောက်နေမှာပေါ့...ပြန်အိပ်ဦးလေ"
ရှောင်းကျန့်ရဲ့အိပ်ရာနိုးစအီလေးတဲ့အသံကဆွဲဆောင်မှုအပြည့်
"မျက်လုံးကမအိပ်ချင်တော့ဘူး...ဒါပေမဲ့ခေါင်းတွေနောက်တယ်"
"လှဲ"
လှဲလို့ပြောပြီးသည်နှင့်လက်နှစ်ဖက်လုံးနဲ့သိုင်းဖက်ကာလှဲချလိုက်လေသည်
ပြီးမှရှောင်းကျန့်ရဲ့လက်ညိုးနဲ့လက်မ ဟာကလေးငယ်ရဲ့နားထင်တစ်ဖက်စီကိုရောက်ရှိသွားတယ်
သန်မာတဲ့လက်တွေကနားထင်ပေါ်မှာပြေးလွှားနေတာကြောင့်သူ့ခေါင်းကိုက်တာကိုပြေလျော့စေတယ်"ကိုကို"
"အွန်း....စောစောစီးစီးဘာတွေပူဆာဦးမှာလဲ
ဘာတွေလိုချင်လို့လဲ""အပြင်ကိုသွားကြမယ်လေ....လျှောက်လည်ကြမယ်"
"မဖြစ်ဘူး....မဖြစ်ဘူး
ကိုယ်လုပ်စရာတွေအများကြီးရှိတယ်ကလေးရဲ့
အလုပ်လေးတွေလက်စသတ်ရဦးမယ်လေ""မရဘူး....အားလပ်ရက်လည်းအလုပ်လုပ်
အားလပ်ရက်မဟုတ်လည်းအလုပ်လုပ်နဲ့....ဒီကောင်လေးကိုလည်းအချိန်လေးပေးသင့်တယ်""ကိုယ်ကဘယ်သူ့အတွက်လုပ်တာလို့ပြောထားလဲ"
ကလေးငယ်မှာခဏတော့အကြံအိုက်သွားသည်
ပြီးမှရှောင်းကျန့်ကိုကြောင်ငယ်လေးရဲ့ချစ်စဖွယ်မျက်ဝန်းတွေနဲ့မော့ကြည့်ကာ"မရဘူး....ကိုကိုကမသိဘူး
ဒီမှာကိုကိုအလုပ်သွားတဲ့ရက်တွေဆိုအရမ်းလွမ်းနေရတာ
မနက်ပိုင်းအလုပ်စသွားတည်းကညနေပိုင်းပြန်မလာမချင်းကိုလွမ်းနေရတာ
အခုလိုပိတ်ရက်လေးကျတော့အပြင်ထွက်လျှောက်လည်ပြီးအလွမ်းလေးသယ်ချင်တာပေါ့
အဲ့တော့လိုက်ပို့မှာလား....မပို့ဘူးလား
လိုက်မပို့ရင်ငါကအကျယ်ကြီးအော်ငိုမှာ....အူးဝါး!!!"