ထမင်းဝိုင်းမှာကလေးငယ်ဟာတစ်ခုခုကိုအလိုမကျပုံ
ရှောင်းကျန့်အနည်းငယ်အကဲခတ်ကြည့်လိုက်တော့
သူနဲ့ခပ်လှမ်းလှမ်းမှာရှိနေတဲ့ဆလတ်ကြက်သားကြော်ပန်းကန်ကိုကြည့်ကာဆူပုတ်နေတယ်ရှောင်းကျန့်မတ်တပ်ရပ်လိုက်ကာအဲ့ပန်းကန်ကိုယူလိုက်ပြီးကလေးငယ်ရှေ့ကိုချပေးလိုက်တယ်
ကလေးငယ်ဘေးနားမှာဖန်ခွက်ရှိပေမဲ့ရေဘူးကတော့ရှောင်းကျန့်ဘေးနားမှာပင်
သူတို့နှစ်ယောက်ကြားထဲမှာတောင်ရှိမနေဘူးရှောင်းကျန့်နားနားကပ်ကာတိုးတိုးလေး
"ရေလည်းသောက်ချင်တယ်"
ကလေးငယ်ဘေးနားကဖန်ခွက်လေးကိုယူကာရေကိုကုန်နိုင်သလောက်ထည့်ပေးလိုက်လေသည်
သူ့ဘာသူဟင်းတွေကိုကုန်နိုင်သလောက်ထည့်စားနေတဲ့ကလေးငယ်ဟာရှောင်းအိမ်တော်ကမိန်းမကြီးကိုတစ်ချက်တစ်ချက်လှမ်းကြည့်မိတော့
ထိုမိန်းမကြီးကခေါင်းငုံ့ပြီးသူ့ပန်းကန်ထဲကစားစရာတွေကိုသာအာရုံစိုက်နေခဲ့တယ်
ကြည့်ရတာတစ်ယောက်တည်းအထီးကျန်နေပုံရှောင်းကျန့်ကိုမသိမသာတံတောင်လေးနဲ့ထိုးကာရှောင်းကျန့်သူ့ဘက်ကိုမျက်နှာလှည့်လာတော့သူကမျက်လုံးလေးနဲ့ရှောင်းမားကိုမျက်စပစ်ပြလိုက်လေသည်
ရှောင်းကျန့်သဘောပေါက်တယ်....ဒါပေမဲ့တွန့်ဆုတ်နေခဲ့သည်
သူခိုင်းတာကိုမလုပ်တာကြောင့်ကလေးငယ်ဟာနှုတ်ခမ်းဆူပြီးမျက်မှောင်ကြုတ်ပြလိုက်တော့မှအနည်းငယ်သင့်တော်တဲ့ဟင်းတစ်ချို့ကိုရှောင်းမားပန်းကန်ထဲထည့်ပေးလိုက်လေသည်
ကလေးငယ်ကတော့သူမသိသလိုမခိုင်းသလိုပုံစံနဲ့ထမင်းသာဆက်စားနေလိုက်တယ်ရှောင်းအိမ်တော်ကမိန်းမကြီးမျက်နှာဟာပြုံးရွှင်သွားတယ်
"ဒီညမိသားစုကြီးတွေညစာစားပွဲရှိတယ်
မားတို့အိမ်တော်ကအဲ့ပွဲကိုမသွားတာနှစ်ပေါင်းတော်တော်ကြာခဲ့ပြီ
အခုငါ့သားကအဲ့ပွဲကိုသွားချိန်တန်ပြီလို့ထင်တယ်""ကျုပ်နဲ့သက်ဆိုင်တဲ့ပွဲတွေလို့ထင်လား"
စိတ်ပျက်သောလေသံနဲ့ပြောလိုက်သည်