"အစ်ကိုကြီးရှောင်း......"
"ကိုယ့်ကိုအခုချိန်ဘာစကားမှလာမပြောနဲ့....ကိုယ်ဒေါသကဘယ်သူ့အပေါ်ပုံချရမှန်းမသိဘူး"
ခေါင်းငုံ့ကာဘာမှသိပ်မပြောတော့တဲ့ရှောင်းကျန့်ရဲ့စိတ်တွေတော်တော်လှုပ်ရှားနေတယ်ဆိုတာကြည့်ရုံနဲ့တင်သိနိုင်သည်
ရှဲ့လင်းဘာမှဆက်မပြောတော့Emergencyခန်းထဲကဆရာဝန်ထွက်လာတော့
ရှောင်းကျန့်ချက်ချင်းပင်မတ်တပ်ထရပ်ကာ"ကလေးလေးအခြေအနေ"
"အခုတစ်ခါကအဆင်ပြေသွားတယ်ဆိုပေမဲ့
ဒါမျိုးခဏခဏဖြစ်နေမယ်ဆိုအစာအိမ်ကင်ဆာဖြစ်နိုင်တယ်
မပေါ့ဆပါနဲ့"ဆရာဝန်ထွက်သွားပြီးနောက်မှကလေးငယ်ကိုခေါ်ထုတ်လာလေသည်
ဆေးပုလင်းတွေချိတ်ထားလျက်သားနဲ့သတိမရသေးVIP roomကိုငှားထားတာမို့ဆေးရုံဟုဆိုပေမယ့်ကိုယ့်အိမ်လိုပင်
ဆေးရုံဝတ်စုံမှအစသွားယူစရာမလိုကုတင်ပေါ်ရွေ့ပြောင်းတာတွေအထိရှောင်းကျန့်မျက်စိနဲ့ထပ်ကြပ်မကွာကိုလိုက်ကြည့်နေပြီးဆေးရုံဝတ်စုံဝတ်ပေးတော့
"ဒီအပိုင်းတော့ကိုယ့်ဘာကိုယ်လုပ်လိုက်မယ်
မင်းတို့အပြင်မှာခဏထွက်စောင့်ပေး"သူနာပြုကောင်မလေးတွေကိုအပြင်ထွက်ခိုင်းလိုက်လေသည်
အခန်းထဲမှာရှဲ့လင်းရှိနေတာကိုသတိမထားမိ
အောက်ပိုင်းကိုသူတစ်ယောက်တည်းလဲလှယ်ပေးပြီးတော့မှအပေါ်ဝတ်ရုံလဲလှယ်ဖို့ရာဆေးပိုက်တွေရှိတာကြောင့်သူနာပြုတစ်ချို့ကိုအခန်းထဲပြန်ခေါ်ပြီးသူတို့အကူအညီကိုပါယူလိုက်ရလေသည်
အမှန်တော့ရှောင်းကျန့်သိပ်သဘောမကျပါဆေးလွှတ်စရာရှိတာလွှတ်ပေးပြီးထိုးပေးကာအပြင်ထွက်သွားမယ်ကြံတော့
"ဘယ်တော့လောက်သတိရလာမလဲ"
"သတိရနေပါပြီ....အခုကအိပ်ပျော်နေတာပါ
ဆေးကုန်ရင်ကုတင်ခေါင်းရင်းကbellအနီလေးကိုနှိပ်လိုက်ရုံပါပဲ"သူနာပြုလေးတွေကိုရိုသေသမှုနဲ့ခေါင်းငုံ့ပြီးနှုတ်ဆက်လိုက်လေသည်