part(9)

1.1K 92 1
                                    

"Mr.ရှေ့မှာကားတစ်စီးလာပိတ်နေတယ်....နောက်ကလိုက်လာတဲ့ကားကလည်းရပ်သွားပြီ"

သူတို့ကားရှေ့မှာပိတ်ရပ်ထားတဲ့အနက်ရောင်ကားထဲကလူ(၅)ယောက်ထွက်လာပြီးမှန်တံခါးကိုလာခေါက်တော့ရှောင်းကျန့်မှန်တံခါးချပေးလိုက်ပြီး

"ကျွန်တော်တို့ကအလုပ်သွားမှာမို့ပိတ်ရပ်ထားတဲ့ကားကိုဖယ်ပေးစေချင်ပါတယ်"

"လိုချင်တာမရမချင်းဖယ်မပေးနိုင်ပါဘူး"

"ဘာကိုလိုချင်တာလဲ"

"တစ်စုံတစ်ယောက်"

"အား!!! "

"ဘာလုပ်တာလဲ....မင်းတို့ကအကြမ်းဖက်နေတာနော်"

*ကျဉ်စက်*

သူတို့စကားပြောနေတုန်းသူ့ဘေးမှာထိုင်နေတဲ့ကလေးငယ်ကိုမှန်ချထားတဲ့အပေါက်ကနေတစ်ဆင့်ဆွဲထုတ်တော့ရှောင်းကျန့်ကလေးငယ်ရဲ့ခါးကိုသိုင်းဖက်ကာပြန်ဆွဲထားလိုက်လေသည်

ဒီဘက်မှာရုတ်ရုတ်သဲသဲဖြစ်နေတုန်းသူ့ကျောဟာကျဉ်ခနဲ
မလှုပ်နိုင်တော့
အတွင်းရေးမှူးဟာလည်းသေနတ်နဲ့ချိန်ထားတာကြောင့်မကူညီနိုင်
သူ့ရဲ့လက်ကအားတွေယုတ်လျော့သွားချိန်မှာသူ့လက်ထဲက ကလေးငယ်ဟာလွတ်ထွက်သွားခဲ့တယ်
ရုန်းဟယ်ကန်ဟယ်နဲ့ခုခံတာကြောင့်ထိုလူဟာကလေးငယ်ရဲ့ဗိုက်ကိုသုံးချက်လောက်ဆင့်ထိုးပြီးပခုံးပေါ်ထမ်းကာခေါ်သွားလေသည်
သူ့မျက်လုံးတွေမမှိတ်ခင်သူဟာလည်းတစ်စုံတစ်ယောက်ရဲ့ကားထဲကိုပစ်သွင်းခံခဲ့ရတာပဲ
အသိရှိနေသည့်တိုင်မလှုပ်ရှားနိုင်

ကားနောက်ခန်းလို့ထင်ရတဲ့တစ်နေရာမှာသူလှဲလျက်သား
သူ့နဖူးနားကလက်နွေးနွေးလေးက...ကလေးငယ်ရဲ့လက်များလား

ကားကတရွေ့ရွေ့နဲ့ဆက်သွားနေတုန်း
ခန့်မှန်းချေ(၂)နာရီလောက်အချိန်ကြာသွားတော့ကားကရပ်သွားတယ်
သူ့နဖူးနားကလက်နွေးနွေးကဆွဲချခံရသလိုသူ့အနားမှာမရှိတော့သူ့ဟာလည်းတစ်စုံတစ်ယောက်ရဲ့တွဲခေါ်ခြင်းကိုခံရပြန်လေသည်

တိတ်ဆိတ်နေတဲ့အချိန်မိန်းမတစ်ယောက်ရဲ့အသံ

"မင်းတို့သခင်လေးကိုသူ့အတွက်ပြင်ဆင်ပေးထားတဲ့အခန်းထဲပို့လိုက်
ဒီကောင်လေးကိုတော့မကြိုဆိုတဲ့ဧည့်သည်ခန်းမှာထည့်ထားလိုက်ပေါ့....ညကျမှငါဆုံးဖြတ်မယ်"

𝐓𝐞𝐥𝐥 𝐌𝐞!!! 𝐖𝐡𝐚𝐭 𝐃𝐨 𝐘𝐨𝐮 𝐖𝐚𝐧𝐭Where stories live. Discover now