အခန်းတံခါးကိုအသာအယာဖွင့်ကာအခန်းထဲကိုတိုးတိတ်စွာဝင်လာသူတစ်ဦး
တရွေ့ရွေ့နဲ့ကုတင်နားကိုသွားကာကုတင်ပေါ်မှာအိပ်ပျော်နေသူကောင်လေးနဖူးပေါ်သူ့လက်တင်လို့"အဟက်....အချိန်မရွေးဘူးအိပ်တာပဲ"
"ဟင့်"
အောက်ကကောင်လေးကအနည်းငယ်လူးလွန့်သွားတော့သူ့လက်ကိုပြန်ရုတ်လိုက်သည်
"ကလေးလေး.....ထပါဦး
ရေချိုး,ညစာစားပြီးမှပြန်အိပ်လေ""....."
"ကလေးလေး....ကလေးလေးရေ"
နားနားကပ်ကာလှုပ်နှိုးလိုက်တော့
"အွန့်....ဘယ်တုန်းကပြန်ရောက်လာတာလဲ"
မျက်လုံးတွေပွင့်လာတာနဲ့ကိုယ်ကိုကိုင်းညွတ်ပြီးသူ့ကိုစကားပြောနေသူရဲ့လည်ပင်းကိုလက်တွေကတင်းကြပ်စွာဖက်တွယ်လိုက်တယ်
"ခုမှပြန်ရောက်တာပေါ့"
"အိမ်အဟောင်းလေးကိုပြန်ကြမယ်ဆို"
"မပြန်သေးခင်.....အခုလောလောဆယ်ရေသွားချိုးမယ်
ပြီးရင်ညစာစားကြမယ်လေ""အွန်း"
အိပ်ချင်မူးတူးနဲ့နှုတ်ခမ်းလေးဆူနေလို့
"ခဏလောက်လေးလွှတ်ပေးပါဦး...ကိုယ်အင်္ကျီချွတ်ပါရစေ"
သူ့လည်ပင်းကိုဖက်တွယ်လို့သူ့ခါးတွေကိုဖြူသွယ်တဲ့ပေါင်တံတွေနဲ့ချိတ်တွယ်ကာသူသွားသမျှနေရာတိုင်းကိုလိုက်မယ့်သူ့ကိုစားပွဲပေါ်ချပေးလိုက်တော့
သူ့ကိုတော်တော်နဲ့မလွှတ်ပေးသေးတာကြောင့်"ဟေး....ကိုယ့်ပခုံးပေါ်မှာအိပ်ပျော်မသွားနဲ့ဦး"
"ငယ်ငယ်ကလည်းရင်ဘတ်ချင်းကပ်ပြီးချော့သိပ်နေကြကို"
"ညကျရင်ကိုယ်ပြန်ချော့သိပ်ပါမယ်....လောလောဆယ်တော့မျက်လုံးလေးဖွင့်ပြီးကိုယ့်ကိုကြည့်ပါဦး"
လေးလံတဲ့မျက်လုံးတွေကိုပွင့်ကျစေတော့သူ့မျက်စိရှေ့မှာရှောင်းကျန့်ကအပေါ်ပိုင်းဘာမှတောင်မရှိတော့ဘူး
ဘယ်တုန်းကအင်္ကျီချွတ်လိုက်တာလဲ