"မြန်မြန်သွားပြီး....မြန်မြန်ပြန်လာခဲ့ကြ
အခြေအနေတွေကိုအကဲခတ်....သတိလက်လွတ်မဖြစ်စေကြနဲ့""ဟုတ်ကဲ့"
"ဒါဆို....."
ရှောင်းသခင်မကြီးကိုအရိုအသေပြုကာမွေးနေ့partyကိုသွားဖို့ပြင်ဆင်ကြလေသည်
"နည်းနည်းစိတ်မလှုပ်ရှားဘူးလား"
"ဟင့်အင်း"
"ကောင်ငယ်လေးကတော့စိတ်လှုပ်ရှားနေတယ်....ဟီးဟီး
စိတ်ထဲတစ်မျိုးကိုဖြစ်နေတာ""ဘာမှမဖြစ်ဘူး....ပုံမှန်အတိုင်းသာနေလိုက်အဆင်ပြေသွားမှာ"
"အွန်း"
ရှောင်းကျန့်စိတ်ထဲမှာတော့စိတ်လှုပ်ရှားနေတာထက်စိတ်ပူနေခြင်းပင်
မွေးနေ့partyရှိရာအပျော်စီးသင်္ဘောပေါ်ရောက်တော့
မိသားစုကြီးကလူတစ်ချို့နဲ့အရိုအသေပြုကာစားသောက်နေကြသည်
ကလေးငယ်ဟာသူ့အနားကတစ်ဖဝါးမှမခွာအနောက်တိုင်းဝတ်စုံအနက်တွေနဲ့မို့လူတွေကနည်းနည်းတော့ဆင်သလိုဖြစ်နေကြလေသည်
ကလေးငယ်မှာထိုအရာကိုရိပ်မိတာကြောင့်စားပွဲတင်ပန်းအိုးထဲကနှင်းဆီပန်းလေးကိုယူကာတစ်ရှူးလေးနဲ့သုတ်ပြီးရှောင်းကျန့်ရင်ဘတ်နားကအင်္ကျီအိတ်ထဲစိုက်ထားပေးလိုက်တယ်ကြည့်နေရင်းတစ်ခုခုကိုဘဝင်မကျပုံ
နှင်းဆီပန်းကိုဆွဲထုတ်ကာသူ့အတွင်းအိတ်ထဲမှာပါလာတဲ့လက်ကိုင်ပဝါလေးကိုသေချာခေါက်ပြီးရှောင်းကျန့်ရင်ဘတ်ပေါ်ကအိတ်ကပ်ထဲထည့်ပြီးမပေါ်တပေါ်အလှပုံသဏ္ဏာန်လေးဆင်ပေးထားလိုက်တော့သည်မိတ်ဖွဲ့မိရာလူနဲ့စားပွဲဝိုင်းမှာထိုင်ကြကာစားစရာလာချအပေးကိုစောင့်နေကြလေသည်
အခုဆိုအပျော်စီးသင်္ဘောဟာကမ်းစပ်နဲ့အနည်းငယ်လှမ်းနေပြီလို့ပင်ဆိုနိုင်တာကြောင့်ရှောင်းကျန့်စိတ်မအေးနိုင်တော့
ဒီညအဖို့ရှဲ့လင်းကိုလည်းသူတို့မမြင်ရသေးပါစားစရာတွေလာချပေးတော့ steakတွေဖြစ်တာကြောင့်သူ့ပန်းကန်ထဲကအသားတုံးလေးတွေကိုတလုတ်စာအနေတော်ပိုင်းဖြတ်ကာကလေးငယ်ကိုပေးလိုက်ပြီးကလေးငယ်ပန်းကန်ကိုဆွဲယူကာသူစားနေလိုက်သည်