ထုံစံအတိုင်းနိုးထလာတော့သူ့နဘေးကကွက်လပ်ဟာအေးစက်နေခဲ့ပြီ
ဒီနှစ်ဆောင်းဥတုရောက်လို့သူ့ဘေးမှာရှောင်းကျန့်မရှိရင်သူအဆင်ပြေနိုင်ပါ့မလား
ဆောင်းတွင်းကသူ့ကိုငဲ့ညာပြီးခါးသီးတဲ့အေးစက်မှုတွေကိုအဝေးကိုတွန်းပို့ပေးပါမျက်နှာသစ်ကာအောက်ဆင်းလာတော့အကုန်အဆင်သင့်
ကြည့်ရတာရှောင်းကျန့်သွားတာသိပ်မကြာသေးပုံ
စားစရာတွေအားလုံးကနွေးနေသေးတယ်
ဘယ်အချိန်မှရှောင်းကျန့်ကသူကိုအပြင်ခေါ်ထုတ်သွားမှာလဲ
ဒီနေ့လည်းတစ်ယောက်တည်းပဲထင်တယ်
ရှောင်းကျန့်ရောပြန်လာဖြစ်ပါ့မလားသုံးရက်တစ်ခါတစ်ပတ်တစ်ခါသောက်နေကျဆေးတစ်ချို့ကိုယူသောက်ပြီးသူဟိုလျှောက်ဒီလျှောက်လျှောက်သွားနေမိတယ်
သူတစ်ယောက်တည်းမို့ပျင်းစရာကောင်းနေတာတော့အမှန်
-----------------------------At Company,
"ရှောင်း.....ဒီနေ့နောက်ကျတယ်"
"လုပ်စရာလေးတွေလက်စသတ်နေလို့"
"ရုရှားကလူတွေဒီနေ့လာမှာ....အဆင်သင့်ဖြစ်နေပါစေနော်"
"အမြဲတမ်းReadyလေ"
ပုံကြမ်းပြီးတော့laptopကိုပိတ်ကာသူထိုင်နေလိုက်သည်
Coffeeခါးခါးတစ်ခွက်ကိုသောက်ချလိုက်တယ်
သူခဏထိုင်နားပြီးသိပ်မကြာ
တစ်ယောက်ယောက်ကသူ့ကိုအစည်းအဝေးအခန်းထဲလာဖို့ခေါ်တာကြောင့်သူထွက်သွားလိုက်တယ်အစည်းအဝေးအခန်းထဲရောက်တော့
"ကျုပ်တို့ဒီက designဝယ်တယ်ဆိုပေမဲ့ Russiaဘက်မှာပဲဆောက်လုပ်ရေးကိုအကောင်အထည်ဖော်ချင်ပါတယ်"
ဘေးကဘာသာပြန်ကထိုသူတွေပြောတဲ့စကားအတိုင်းဘာသာပြန်ပေးတော့
ရှောင်းကျန့်ခဏစဉ်းစားဟန်ပြုလိုက်တယ်
ပြီးတော့မှ"ရတယ်....ဒါပေမဲ့ပုံကိုဒီဘက်မှာပဲလက်စပြီးအောင်လုပ်ချင်တယ်
ပြီးမှအကုန်လုံးအချောသတ်ပြီးဖွဲ့စည်းပုံတစ်ခုချင်းစီကိုပြန်ထုတ်ပြီးမှRussiaကိုလိုက်ခဲ့နိုင်ပါမယ်""ခွင့်ပြုသဘောတူတယ်
ဒါပေမယ့်အချိန်အရမ်းကြာသွားရင်တော့အကုန်လုံးအတွက်အကျိုးမရှိနိုင်ဘူးထင်မိတာမို့
အချိန်ကိုအရမ်းမကြာပါစေနဲ့"