"ကိုကို....ရေသွားချိုးကြမယ်လေ
ပြီးရင်ညစာစားကြရအောင်""ဗိုက်ဆာနေလို့လား"
"အွန်း"
"ဒါဆိုကိုယ်ပြင်ဆင်လိုက်မယ်....အရင်ချိုးနှင့်"
"အဲ့တာဆိုသွားပြီ....ငူငိုင်မနေနဲ့ဦး"
ရှောင်းကျန့်ခေါင်းလေးအသာပုပ်ပေးကာသူအပေါ်တက်သွားလေသည်
နောက်တစ်နေ့ဆိုရှောင်းကျန့်ကအပန်းဖြေစံအိမ်ကနေcompanyကိုအလုပ်ပြန်သွားတော့မယ်
သူတစ်ယောက်တည်းကျန်ခဲ့တော့မှာ
သူရှောင်းကျန့်ကိုသူနဲ့အတူတူနေရအောင်ဘယ်လိုဆွဲထားသင့်လဲစဉ်းစားနေမိတယ်
ရေချိုးရင်းထိုအကြောင်းကိုသာတွေးတောနေမိသည်Companyကိုလည်းရှောင်းကျန့်ကခေါ်သွားမည်မဟုတ်
သူ့ကိုအချိန်ပြည့်လိုက်မကြည့်နိုင်သောကြောင့်ပင်
Companyကိုလိုက်ချင်လို့ပါဆိုပြီးအရဲစွန့်ပြောကြည့်ရင်ရောကိုကိုကခွင့်ပြုပါ့မလားအတွေးတွေကြားထဲမှာပင်ရေအတော်ကြာစိမ်သွားမိသည်ကိုမသိလိုက်
ဒေါက်....ဒေါက်
"ကလေးလေး.....ရေချိုးတာကြာနေပြီ
တစ်ခုခုဖြစ်နေတာလား....ကိုကိုဝင်လာရမလား""ဝင်လာခဲ့"
ရှောင်းကျန့်ဝင်သွားတော့တစ်ကိုယ်လုံးတုန်ယင်လို့နှုတ်ခမ်းတွေတောင်ပြာနှမ်းနေချေပြီ
အမြန်ပင်တံခါးဝမှာထားတဲ့တဘက်တစ်ထည်ကိုယူကာရေပိတ်ပြီးတစ်ကိုယ်လုံးကိုပတ်ပေးလိုက်သည်
ပြီးမှသူကိုယ်တိုင်ပွေ့ချီကာကုတင်ပေါ်တင်လိုက်တော့
ကောင်ငယ်လေးကတုန်တုန်ယင်ယင်အဝတ်အစားတစ်ချို့ထုတ်ကာအခန်းအပူချိန်ကိုလည်းမြှင့်လိုက်တယ်
တဘတ်နဲ့ရေတွေကိုအရင်စင်အောင်သုတ်ပေးပြီးမှအဝတ်အစားတစ်ချို့ဝတ်ဆင်ပေးလိုက်လေသည်
ပြီးတော့မွေ့ယာပေါ်မှစောင်ကိုယူကာကလေးငယ်ရဲ့တစ်ကိုယ်လုံးကိုအနှီးထုတ်သဖွယ်ပွေ့ဖက်ထားလိုက်တယ်"ရေကိုဘာလို့အဲ့လောက်အကြာကြီးချိုးရတာလဲ"
"ကိုကို....မနက်ဖြန်companyကိုလိုက်ချင်တယ်
ရလား"