"ကိုကို...."
"ကလေးလေးကဘာလိုချင်ပြန်ပြီလဲ"
"အမြဲတစေဘာလိုချင်ပြန်ပြီလဲမမေးပါနဲ့....လိုချင်စရာရှိမှခေါ်ရမှာလား"
"ကိုယ်ပြောတာအဲ့သဘောမဟုတ်ပါဘူးကွာ"
"ဖရဲသီးကအကုန်စားလို့ရလား"
"မရဘူး....ကုန်နိုင်သလောက်ပဲစား
ပြီးတော့ကိုယ်တစ်ခုမှာခဲ့မယ်.....စားစရာတွေကိုအရမ်းအေးနေရင်ခဏနေမှစား
အနေတော်အေးတာလောက်ဆိုအဆင်ပြေပေမယ့်
အရမ်းအေးခဲတာမျိုးဆိုရင်တော့မစားနဲ့""ဘာလို့လဲ...."
"ငယ်ငယ်ကလိုဗိုက်တွေအောင့်မှာစိုးလို့"
"အဲ့တာဆိုဗိုက်တွေမအောင့်အောင်ကိုကိုကလာကျွေးလေ"
"ဘာလို့အဲ့လောက်လူကပ်ရတာလဲ"
"ကိုကိုမို့လို့လေ"
Laptopတစ်လုံးနဲ့အလုပ်လုပ်နေသူရဲ့ရင်ခွင်ထဲဝင်ထိုင်ကာဦးတည်ချက်မရှိတဲ့စကားတွေကိုပြောနေမိသည်
ထိုသူကအလုပ်ကိုသာအာရုံစိုက်နေသည့်တိုင်သူ့မေးသမျှမေးခွန်းတိုင်းအတွက်တော့အဖြေရှိနေခဲ့တယ်စကားသံတွေတိတ်သွားချိန်မှာတော့ရင်ဘတ်ကိုမှီကာခေါင်းတိုးဝှေ့လို့သူဟာအိပ်ပျော်သွားခဲ့ပြီ
ခေါင်းလေးကိုလက်နဲ့ပွတ်သပ်လို့"အမြဲတမ်းအချိန်မပေးနိုင်လို့တောင်းပန်ပါတယ်
ဒီကိုကိုကငယ်ငယ်လေးတည်းက....ကလေးလေးအပေါ်တာဝန်မကျေခဲ့သေးဘူးပဲ"ထိုကလေးငယ်ကိုနိုးသွားမှာစိုးရိမ်တာကြောင့်သူဟာအိပ်ယာထဲကိုချီမပြီးမရွေ့ပေးခဲ့ပါဘူး
သူ့ရင်ဘတ်ပေါ်မှာပဲအိပ်စက်စေသည်
အချိန်အတော်ကြာသည်အထိသူ့မျက်လုံးတွေညောင်းလာချိန်မှာတော့သူlaptopကိုပိတ်ပြီးsofaပေါ်လှဲချလိုက်တယ်
ရင်ဘတ်ပေါ်ကလူအောက်ကိုပြုတ်ကျသွားမှာစိုးရိမ်တာကြောင့်လက်နဲ့ထိန်းပြီးဖက်ထားခဲ့သေးသည်
-----------------"ငါပြောနေတယ်လေ....မင်းကိုဒီလိုမုန့်တွေနဲ့ဝယ်မစားပါနဲ့"
"ဈေးနည်းတဲ့မုန့်တွေဝယ်စားတော့ပိုက်ဆံအကုန်အကျသက်သာတယ်လေ
အဲ့တော့ကိုကိုကပိုက်ဆံပိုသုံးရမှာပေါ့"