Ep-1

8.8K 168 8
                                    

မြတ်နိုးစွဲလမ်းဖူးသည့် ယောကျာ်းတစ်ယောက်ကို လွမ်းဖူးသည့် နှလုံးသားက အမှတ်မရှိသေးဘူးထင်ပ။ အချိန်တွေရယ် ၁၀ နှစ်ပင် ကြာခဲ့သော်လည်း ယောကျာ်းတစ်ယောက်ရဲ့ စိမ်းကားရက်စက်မှုက မေမိုးဝသုန်ဆိုသော မိန်းမတစ်ယောက်အတွက် အတော်နေသားကျခဲ့ပြီးပါပြီ။ ဒီနှစ်တွေထဲမှာ သူရော သူမလိုပဲ နေသားကျခဲ့ရဲ့လား။
နေသားကျမှာပါလေ။ သူမ မရှိရင်က သူ့ အတွက် အရာရာအဆင်ပြေမှာပင်။

အများအမြင်မှာ သူမဟာ တည်ငြိမ်သူတစ်ဦးလို နေနိုင်ခဲ့သော်လည်း သူမ ရင်ထဲက နာကျင်မှုတွေကိုတော့ ဘယ်သူမှ မြင်နိုင်မည် မဟုတ်ပေ။  လွမ်းတာပေါ့။ နာကျင်သည့်ပေါ့။ သို့သော်လည်း လွမ်းတာကို နာတာနှင့် ဖြေခဲ့မိလေသည်။

သူလည်း အခုချိန်ဆို အိမ်ထောင်ရက်သားကျနေရောပေါ့။

"မေမေ"

ကျူရှင်က ပြန်လာသော သားက သူမ အား ခေါ်၍ အိမ်ထဲဝင်လာလေသည်။ မေမိုးလည်း သား၏ ရှပ်အင်္ကျီအဖြူလေးတွေကို မီးပူထိုးရင်း သေသပ်စွာ အဝတ်ဗီရိုထဲ ထည့်လိုက်ပြီး

"သား ပြန်လာပြီလား၊ ကျောပိုးအိတ်ကို နေရာတကျသိမ်း၊ ပြီးရင် ရေချိုး၊ မေမေ ထမင်းစားဖို့ စောင့်နေမယ်"

"ဟုတ်မေမေ၊ သားသားကလည်း ဗိုက်ဆာနေတာ ၊ မေမေ ဘာဟင်းချက်ထားလဲ"

သားငယ် ပါးလေးကို ဖွဖွလေး နမ်းရှိုက်ရင်း

"သားကြိုက်တတ်တဲ့ ဆိတ်သားကြော်ရယ်၊ ပဲပြားနဲ့ ပဲပင်ပေါက်ကြော်၊ ချဉ်ပေါက်ရွက်နဲ့ ပုဇွန် အသေးလေး ချဉ်ရည်ဟင်းချက်ထားတယ်"

"မေမေ ပြောတာနဲ့တင် သားသားဗိုက်ဆာလာပြီ"

ဗိုက်ကလေးကို ပွတ်သပ်ရင်း ပြောလာသော သားကြောင့် မေမိုး ပြုံးလိုက်ပြီး

"ရေချိုးပြီးလာခဲ့ ၊ မေမေ ထမင်းခူးထားလိုက်မယ်"

"ဟုတ်ကဲ့မေမေ"

သားကို ကြည့်ပြီး မေမိုး နှစ်ခြိုက်ခြိုက်လေးပြုံးလိုက်မိလေသည်။ တစ်ခါတစ်လေကျရင် သားက သူ့အဖေနှင့် သိပ်တူသည်။ အစားအသောက်က အစ သူ့ အဖေ နှင့် အကြိုက်တူသလို ဂျစ်ကန်ကန်နိုင်ကာ ဖြစ်ချင်တာ လုပ်တတ်သည့်ကလည်း သူ့အဖေ နှင့် သပ်တူလွန်းနေလေသည်။

ညို့ချက်ပြင်းသောအချစ်နွံ(or)အချစ်အမုန်းညီမျှခြင်းWhere stories live. Discover now