Ep-16

2.2K 96 2
                                    

"ဘုတ်"

ကြမ်းပြင်ပေါ် ခွေကျသွားသော သျှား။
အတော်ပင် အမူးလွန်နေသည့်က သိသာလွန်းနေလေသည်။
ဒီလောက်မူးနေသည့် သူက ဒီအထိကို ဘယ်လိုရောက်လာခဲ့လေသလဲ မေမိုး မစဉ်းစားတတ်အောင်ပင်။

ဟူး။

လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်စဉ်

"မေမေ"

"ဟင် သား"

အပြင်က ပြန်လာသော သားကို ကြည့်ပြီး သူမ ဘာပြောရမည်မှန်း မသိအောင် ဆွံ့အသွားရလေသည်။ 

"မေမေ ဆရာက"

ကြမ်းပြင်ပေါ် ရူးရူးရှားရှား အိပ်နေသော သျှားကို သားက ကြည့်ပြီး မေးလေတော့ မေမိုး သက်ပြင်းကို ရှိုက်ပြီး

"မပြောချင်တော့ပါဘူး သားရယ်၊ သားအခန်းထဲ ခေါ်ပြီး သေချာသိပ်လိုက်ပါဦးကွယ်၊ သူ့ ကြည့်ရတာခြေတောင်မခိုင်ဘူး"

ဇွဲလေး ခေါင်းကို ခါယမ်းရင်း

"သား အခန်းထဲမှာပဲ သိပ်လိုက်တော့မယ် အမေ"

"အေး အေး သား"

ဇွဲလေး လဲကျနေသော ဖခင် ဖြစ်သူကို တွဲရင်း သူ့ အခန်းထဲ ဝင်ခဲ့လိုက်လေသည်။ အိပ်ယာပေါ် သေချာချသိပ်လိုက်ပြီး စောင်ပါးလေး လွှမ်းခြုံပေးပြီး အပြင်ပြန်ထွက်ခဲ့လိုက်လေသည်။

"သား ရေချိုးမှာလား၊ ရေချိုးပြီးရင် ထမင်းစားဖို့ မေမေ ပြင်ထားလိုက်မယ်လေ သား"

"ဟုတ် မေမေ၊ သားလဲ ဗိုက်ဆာ နေပြီ"

"အေး အေး"

မေမိုးလည်း မီးဖိုခန်းထဲဝင်ပြီး ထမင်း ဟင်းများ သေချာပြင်လိုက်ပြီး သား ပြန်ထွက်လာသည့်ကို စောင့်နေမိလေသည်။

ခဏနေတော့ ဇွဲလေး  မီးဖိုခန်းထဲရှိ ထမင်းဝိုင်းလေးမှာ ဝင်ထိုင်လိုက်ပြီး

"မေမေ အရမ်းပင်ပန်းနေလား"

သားဆိုသည့်မှာလည်း မိခင် မျက်နှာကို အရိပ်တစ်ခုကို ကြည့်နေသူမို့ မိခင်၏ အရိပ်အခြေကို သူက ကောင်းကောင်းသိနေသည့်ပင်။

"ပင်ပန်းတော့ ပင်ပန်းတာပေါ့ သားရယ်၊ ဒါပေမယ့်လည်း မေမေ့သားလေး မေမေ့ အနားမှာ ရှိနေရင် အရာရာကျေနပ်ပါတယ်"

ညို့ချက်ပြင်းသောအချစ်နွံ(or)အချစ်အမုန်းညီမျှခြင်းWhere stories live. Discover now