"ထားထား မိထား မိ မိ"
"ဟင်"
စကားကို ဆက်ပြောနိုင်ချေမရှိလေတော့ဘဲ ခင်ခင်ထားတစ်ယောက် သတိလစ်မေ့မျှော့သွားရလေသည်။
"ဟင် သေသွားပြီလား"
ထားထားခင် ဓားကို လွှတ်ချလိုက်ကာ ခင်ခင်ထား အနားကို ပြေးသွားလိုက်ပြီး နှာသီးထိပ်ကို စမ်းကြည့်တော့ အသက်တော့ ရှုနေသည်။
မဖြစ်ဘူး။ ဒီမိန်းမကို လက်စဖျောက်မှ။ မဟုတ်လေလျှင် သူမ အမှုပတ်သွားနိုင်သည်။ ထိုကြောင့်ပင် သူမ၏ ခင်ပွန်းရှိစဉ်ကတည်းက လူယုံ သန်းဇော်ကို ဖုန်းဆက်ခေါ်လိုက်ရလေသည်။
သန်းဇော် ၁၅ မိနစ်အတွင်းရောက်လာကာ
"အစ်မ ဘာဖြစ်တာလဲ"
သန်းဇော် အသံကြားတော့ သန်းဇော်ကို တစ်ချက်ကြည့်ပြီး
"သန်းဇော် ငါ့ ငါထောင်ချမခံနိုင်ဘူး"
သန်းဇော် ကြမ်းပြင်ပေါ် လဲကျနေသော ခင်ခင်ထားကို ကြည့်လိုက်ပြီး
"သူ သူကို အစ်မ သတ်လိုက်တာလား"
"အေး"
"ဟာ ဒုက္ခပါပဲဗျာ"
ထားထားခင် စိတ်ရှုပ်စွာလေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး
"ဒီလိုလုပ်မယ်၊ သန်းခေါင်ယံ အချိန်ကျရင် သူ့ အလောင်းကို မြစ်ထဲပစ်ချပြီး အစဖျောက်ကြမယ်"
"သဘော သဘောပဲဗျာ"
သန်းဇော် ဘာတစ်ခွန်းမှ ဆက်မပြောလေတော့ဘဲ ခင်ခင်ထား ခန္ဓာကိုယ်ကို မိုးကာနှင့် ပတ်လိုက်ပြီး
"သန်းခေါင်ယံမှာ လုပ်ငန်းစမယ် အစ်မ"
"အေး အေး"
ထားထားခင်း အိပ်ခန်းထဲဝင်ကာ သူမရဲ့ အဝတ်အစားတွေကို ခင်ခင်ထား အဝတ်အစားတွေ နှင့် လဲလှယ်ဝတ်ဆင်ကာ ဆံပင်ကို ခင်ခင်ထား ကဲ့သို့ သေသပ်အောင် ထုံးဖွဲ့လိုက်လေသည်။
ဟူး~~~။
သဏ္ဍာန်လုပ် သရုပ်တူအောင် အဝတ်အစားက အစ ဆံပင်က အစ အရာရာ ပုံပြောင်းပစ်လိုက်သလို တစ်ခါမှ သနပ်ခါး မလိမ်းလေဘဲ မိတ်ကပ်သာ လိမ်းလေရှိသော ထားထားခင်တစ်ယောက် သနပ်ခါး အရည်ကျဲလေးကို ပါးပြင်ထက် လိမ်းလိုက်မိလေသည်။
YOU ARE READING
ညို့ချက်ပြင်းသောအချစ်နွံ(or)အချစ်အမုန်းညီမျှခြင်း
Romanceအထင်လွှဲမှုတွေက စခဲ့တဲ့အိမ်ထောင်ရေးမှာ လမ်းခွဲခြင်းနဲ့ အဆုံးသတ်ခဲ့ပြီး ပြန်တွေ့တဲ့ အခါ အရင်လိုပဲ သူက သူမကို မုန်းနေဦးမှာလား မြတ်နိုးစွဲလမ်းဖူးသည့် ယောကျာ်းတစ်ယောက်ကို လွမ်းဖူးသည့် နှလုံးသားက အမှတ်မရှိသေးဘူးထင်ပ။ အချိန်တွေရယ် ၁၀ နှစ်ပင် ကြာခဲ့သော်လည...