သျှား သားဖြစ်သူ၏ ပခုံးကို ခပ်ဖွဖွလေးဆုတ်ကိုင်ရင်း ခေါင်းကို တဆက်ဆက်ညိမ့်လိုက်မိလေသည်။
"အဖေ မှားခဲ့ပါတယ် သားရယ်၊ အရမ်းကို မှားခဲ့ပါတယ်၊ အဖေ အတ္တတစ်ခုတည်းကိုပဲ ရှေ့တန်းတင်ထားခဲ့မိတယ်၊ သားအတွက် သား အမေ အတွက် အဖေ ဘာတစ်ခုမှ မစဉ်းစားခဲ့မိဘူး၊ နောင်တဆိုတာ နောင်မှ ရတာဆိုတဲ့ စကားအတိုင်း အဖေ အခု နောင်တတွေကောင်းကောင်းရနေပါပြီ"
ဇွဲ ဖခင်ကို ခပ်ထွေထွေလေး ကြည့်ပြီး
"အဖေ ရင်ထဲမှာ အမေ ရှိနေခဲ့လို့လား"
"ရှိခဲ့တာပေါ့၊ မင်းအမေကို လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က သူများလက်ပါမှဆိုးလို့ မသိစိတ်က အပိုင်သိမ်းမိခဲ့ပြီးမှ အဝေးကို နှင်လွှတ်ခဲ့တယ်၊ ပြန်တွေ့တဲ့ အချိန်မှာလဲ အဖေရဲ့ အတ္တစွဲတစ်ခုနဲ့ သားအမေနဲ့ သားကို အဝေးထပ်ပြီး ရောက်စေပြန်တယ်၊ ၅ နှစ် ၅နှစ်လုံးလုံး နောင်တတွေနဲ့ ရှင်သန်နေခဲ့တဲ့ အဖေ တစ်ကြိမ်တစ်ခါလောက်တော့ သား အမေဆီက ခွင့်လွှတ်မှုကို လိုချင်မိပါတယ်၊ ဒီတစ်ခါ ခွင့်လွှတ်ပေးခဲ့ရင် သားနဲ့ သားအမေ့ အပေါ်ရှိတဲ့ အပြစ်ကြွေးတွေကို အဖေ အသက်ရှင်နေသ၍ ပေးဆပ်သွားမှာပါ"
အဖေ စကားတွေကို ကြားရပြန်တော့ ဇွဲ စိတ်ထဲမကောင်းပြန်။ သက်မနွေးနွေးကို ရှိုက်လိုက်ပြီး
"အမေကို ရော ချစ်လား"
"ချစ်တယ်၊ အခုချိန်မှ ချစ်တယ် ပြောရတာတော့ ရယ်စရာဖြစ်နေမှာအမှန်ပဲ အဟွန့်"
သူ့ကိုယ့်သူ သဘောကျစွာ ပြန်လည်ရယ်မောလိုက်မိလေသည်။ အခုချိန်မှ အစ်မကို ချစ်ပါတယ်လို့ ပြောရင် အစ်မက သူ့ကို ယုံကြည်ပေးမည့်တဲ့လား။ သူ့ဆိုတဲ့ကောင်က မေမိုးဝသုန် ဆိုသော သူမအပေါ်မှာ ဘယ်သောအခါမှ ကောင်းခဲ့သည့် ကောင်မှမဟုတ်ခဲ့တာ။
"အခုပြန်မှာလား"
"မပြန်ဘူး"
ဇွဲ မျက်ခုံးကို အသာအယာပွတ်လိုက်ပြီး
"မပြန်လို့ ခုညဒီမှာအိပ်မှာလား၊ အမေ့က ခွင့်ပြုမှာမဟုတ်ဘူး"
"ရတယ်လေ ဒီအရှေ့မှာပဲ အိပ်မယ်"
ကျစ်။
ဒုက္ခပဲ။ ဒီအဖေ တစ်ယောက်နှင့်တော့။
YOU ARE READING
ညို့ချက်ပြင်းသောအချစ်နွံ(or)အချစ်အမုန်းညီမျှခြင်း
Romanceအထင်လွှဲမှုတွေက စခဲ့တဲ့အိမ်ထောင်ရေးမှာ လမ်းခွဲခြင်းနဲ့ အဆုံးသတ်ခဲ့ပြီး ပြန်တွေ့တဲ့ အခါ အရင်လိုပဲ သူက သူမကို မုန်းနေဦးမှာလား မြတ်နိုးစွဲလမ်းဖူးသည့် ယောကျာ်းတစ်ယောက်ကို လွမ်းဖူးသည့် နှလုံးသားက အမှတ်မရှိသေးဘူးထင်ပ။ အချိန်တွေရယ် ၁၀ နှစ်ပင် ကြာခဲ့သော်လည...