Ep-21

2.2K 96 0
                                    

"မချစ်ခဲ့ဘူးတဲ့"

သူ့ နားထဲပြန်ကြားနေမိသည့်က သားပြောသွားခဲ့သည့် စကားလုံး တစ်ချို့ပင်။ တစ်ချိန်က မင်းစက်ဝဠာကို သူ့ ပြောခဲ့သည့် စကားတစ်ချို့ဟာလည်း နားထဲမှာ အထင်းအရှားပြန်လည်ကြားယောင်လာခဲ့ရလေသည်။
"ခင်ဗျားကို ကျုပ် ရှင်းရှင်းပဲ မေးမယ်၊ ခင်ဗျား ဝသုန်ကို ချစ်လား"

မင်းစက် အား တည်ကြည်လေးနက်စွာ မေးလာသူက သျှားပင်။  မင်းစက် ဘာပြန်ဖြေရမှန်း မသိဖြစ်နေရလေသည်။

မေဝသုန်ဖူး ကို ချစ်လား ဆိုသည့် အဖြေက သူ့အတွက် ဖြေရန်အလွန်ခက်ခဲနေလေသည်။ ဒါကို အလွယ်တကူ သဘောပေါက်လွယ်သော သျှားက ခပ်ဟဟ ပြုံးလိုက်ပြီး

"ခင်ဗျားက အမှန်တော့ ဝသာန်လေးကြောင့် ဝသုန်ကို လက်ထပ်ချင်တာပဲ၊ ဒီမှာ ကိုမင်းစက်ဝဠာ အချစ်မပါတဲ့ အိမ်ထောင်ရေးက ရေရှည်မှာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး၊ ကျွန်တော် စေတနာနဲ့ အသိပေးချင်တာက ခင်ဗျား ဝသုန်ကို ချစ်တတ်အောင် အရင် ကြိုးစားလိုက်ပါ"

ထိုစကား ထိုစကားကို သူ့ မင်းစက်ဝဠာ ကို ပြောခဲ့ဖူးလေသည်။ အခုတော့ ဝသုန်တို့ မိသားစုလေး အဆင်ပြေတာ မြင်ရတော့ သူပိုပြီး စိတ်ထဲကြည်နူးမိလေသည်။ သူ့မှာသာ သူ့မှာသာ သောင်ပြင်လွှတ်သည့် ခွေးကြီးလို အရူးကြီးဖြစ်၍ပင်။ အမေ အနားလည်း ကပ်မရ။ သား အနားလည်း ကပ်မရ။

ဟူး။ တကယ်မလွယ်သည့် အချေသားမိပါလေ။  သူမကလည်း သူ့ကိုမလိုအပ်တော့ဘူးတဲ့။ သားကလည်း သူ့ အမေကို မချစ်တဲ့ သူ့ လက်ထဲ ထည့်မပေးနိုင်ဘူးတဲ့။ တကယ့် သားမိပါလေ။ သူ့မှာသာ သားမိနှစ်ယောက်လုံးကို ကပ်မရသည့် အဖြစ်။

ဟူး။

သေချာတာတော့ သျှားညို ဆိုသော သူက ဒီသားမိနှင့် တွေ့မှ အရူးကြီးလိုပင်။

သူမကို ချစ်မိနေပြီလား။

ဘာလို့ သူမ အနားပြန်နေချင်တာလဲ  ကျွန်တော်နှလုံးသားကို သေချာစမ်းစစ်ဖို့ လိုနေပြီ။

၁၈ အရွယ် သားတစ်ယောက်ရှိနေသည့်တိုင် အပျိုလေးလို လှသွေးကြွယ်နေဆဲ သူမကို ဘာကြောင့်မှန်း မသိ ကျွန်တော် စိတ်မချနိုင် ဖြစ်နေခဲ့သည့်ကို သူမ သိပါလေစ။

ညို့ချက်ပြင်းသောအချစ်နွံ(or)အချစ်အမုန်းညီမျှခြင်းWhere stories live. Discover now