မုန်တိုင်းတွေပြယ်လို့ လေပြေလေညှင်းလေးတွေ လာတဲ့ အချိန်မှာတော့ သျှား နှင့် မေမိုး ဘဝ လှပခဲ့လေပြီ။ ကြမ်းတမ်းခက်ခဲလှသည့် အချိန်များစွာကို ကျော်ဖြတ်ပြီး အခုတော့ အချစ်တွေဖြင့် နွေးထွေးခဲ့လေပြီ။
"သား အိမ်အပြန်နောက်လိုက်တာ"
ဇွဲ အိမ်လေးထဲဝင်လာကတည်းက ဖေဖေ အသံက ဦးစွာထွက်လာလေသည်။ ဧည့်ခန်းမှာ စာအုပ်ဖတ်နေဟန်တူသော ဖေဖေက သူ့ကို စီးကြို၍ မေးခွန်းထုတ်လိုက်လေသည်။
"ဟုတ်တယ် ဖေဖေ၊ သား အဆောင်မှာ အလုပ်ကလေးနည်းနည်းရှုပ်နေလို့၊ ကလေးတွေလဲ စာမေးပွဲ ဖြေရတော့မယ်လေ"
"အင်းပါ ၊ ကလေးတွေကို ဂရုစိုက်တာလဲ စိုက်ပေါ့၊ ကိုယ့်ကျန်းမာရေးလဲ ကိုယ့်ကြည့်ဦးသား"
"ဟုတ်ကဲ့ ဖေဖေ၊ ဒါနဲ့ မေမေရော"
"မေးမှ မေးပါမလားလို့ နားထောင်နေတာ၊ အမေ့သားလေးက အမေ့ကိုတော့ မမေ့သေးဘူးပေါ့နော် အဟွန့်"
ထမင်းစားခန်းဘက်ဆီမှ ထွက်လာသော မေမေ။ မေမေ့ လက်ထဲတွင် ကိုင်ထားသည့်က အငွေ့တထောင်းထောင်းထနေသော ကော်ဖီခွက်။
"သားက မေမေ့ အိမ်နေပြီ ထင်တာ"
"အမလေး မေမေ့ သားရယ်၊ မေမေ့ကလေ ဘယ်တုန်းက သား အိမ်ပြန်မရောက်သေးဘဲ အိပ်တတ်လို့လဲ ပြောပါဦး၊ မေမေ့ ချစ်သားလေးရဲ့"
ခင်ပွန်းသည်ရှေ့ ကော်ဖီပန်းကန်ကို ချပေးပြီး သားဖြစ်သူကို ဖြစ်သူ ပါးလေးအား ခပ်ဖွဖွ ဆွဲလိမ်ရင် ပြောလာသူက မေမိုးဝသုန်ပင်။ သားမိနှစ်ယောက်ရဲ့ ပုံရိပ်ကို မျက်တောင်မခက်တမ်း ငေးကြည့်ရင်း ပြုံးမိသူက သျှားပင်။
တကယ်ပါ။ ဟိုအရင်ကတည်းကသာ သူမကို တန်ဖိုးထားချစ်ခဲ့မိလျှင် သူမဒီထက်ပိုပြီး နာကျင်ရမည်မဟုတ်ပေ။ အခုတော့ သူမပင် နာကျင်ခဲ့သည့် မဟုတ်လေဘဲ သူ့ နှလုံးသား တစ်စုံပင် နွမ်းလျှ နာကျင်ခဲ့သည့် မဟုတ်ပါလား။ သို့ပေမယ့် သူ့ ကျေနပ်ပါသည်။ အမုန်းနှင့် အချစ် ညီမျှခြင်း အချိုးကျသွားလေတော့လည်း အမုန်း အငြိုးတွေ ကင်းဝေးသော နေ့ရက်တွေမှာ သူမနှင့် သားအတွက် ပျော်ရွှင်ခြင်းတွေ ယူဆောင်ပေးမည်သာ~~~။
💟💟💟
YOU ARE READING
ညို့ချက်ပြင်းသောအချစ်နွံ(or)အချစ်အမုန်းညီမျှခြင်း
Romanceအထင်လွှဲမှုတွေက စခဲ့တဲ့အိမ်ထောင်ရေးမှာ လမ်းခွဲခြင်းနဲ့ အဆုံးသတ်ခဲ့ပြီး ပြန်တွေ့တဲ့ အခါ အရင်လိုပဲ သူက သူမကို မုန်းနေဦးမှာလား မြတ်နိုးစွဲလမ်းဖူးသည့် ယောကျာ်းတစ်ယောက်ကို လွမ်းဖူးသည့် နှလုံးသားက အမှတ်မရှိသေးဘူးထင်ပ။ အချိန်တွေရယ် ၁၀ နှစ်ပင် ကြာခဲ့သော်လည...