"နင် ငါ့ကိုတွေ့ချင်တာ ဘာကိစ္စလဲ၊ နင် တွေ့ဖို့ ချိန်းတာ အရေးမကြီးဘူး၊ ဦး က တစ်မျိုးထင်မယ်"
ကော်ဖီဆိုင်ထဲ ဝင်လာကတည်းက သူ့အားပွစိစိလုပ်နေသူက မေမိုးဝသုန်၏ ညီမ မေဝသုန်မိုးပင်။
"ဝသုန်ရယ်၊ ထိုင်စမ်းပါ နင်ကလည်း၊ အေးဆေးပေါ့၊ ငါ့ စကားပြောချင်လို့ပါ"
"ဆိုစမ်းပါဦး၊ ဘာတွေမျက်နှာချိုသွေးဖို့ တွေးနေတာလဲ သျှားညို"
ဝသုန် သူမ အရှေ့မှာ မျက်နှာချိုသွေးနေသော သျှားကို စူးစမ်းသလို ကြည့်ပြီး မေးလိုက်တော့
"ဟိုလေ အစ်မ မေမိုးကို ကူပြောပေးပါလား"
"ဘာ့အတွက်လဲ"
"ဟို ဟိုလေး ငါ့တစ်ကြိမ်တစ်ခါ မှားတာကိုလေ၊ အဲ့ အဲ့ဒါ ငါ့ကို ခွင့်လွှတ်ပေးဖို့ ကူပြောပေးပါလားဟင် သူငယ်ချင်း၊ လုပ်ပါဟယ် ၊ ကူညီပါဟယ်၊ ပြောပေးပါဟယ်"
အမလေး သူမ အရှေ့မှာ စပလိန်မျက်နှာလုပ်နေသူက သျှားညိုမှ ဟုတ်ပါလေစ။
"တော်စမ်း သျှားညိုရယ်၊ နင့်ရင်ထဲ မမ မရှိဘဲ ဘာလို့ တွယ်ကပ်ချင်နေတာလဲ လွှတ်ထားလိုက်ပါတော့ မမကို၊ မမလဲ သူ့ ဘဝနဲ့သူ့ နေသားကျနေပြီပဲလေဟာ"
သျှား တရားချဖို့ ပြင်နေသော ဝသုန်ကို စိတ်မရှည်စွာကြည့်လိုက်ပြီး
"ငါ့က နင့်ကို စစ်ကူတောင်းမလို့နော် ဝသုန်၊ နင့်က ငါ့ကို တရားချဖို့ တွေးနေတာလား"
"အာ နင့်ကို ငါ့က ဘာလို့ တရားချရမှာလဲ၊ တည်ငြိမ်နေတဲ့ ငါ့ အစ်မ ဘဝထဲကို နင့် ရှုပ်နေတာ မကြည့်ချင်လို့၊ နင်ဟယ် အချစ်လဲ မပါဘဲ ဘာလို့ တွယ်ကပ်ချင်နေတာလဲ၊ လွှတ်ပေးလိုက်ပါ၊ မမကို"
"ငါ ငါ မမကို မချစ်ဘူးလို့ ဘယ်သူပြောလဲ"
အမလေး ကိုယ်တော်ရယ်။ ဒါက ရှက်တာတဲ့လား။ မျက်လွှာချကာ ခေါင်းငုံသွားပုံက သူ့ကိုယ့်သူ မိန်းကလေးထင်နေသည့်လား မသိ။ ဝသုန် သူ့၏ အမူအရာကို ကြည့်ကာ ရယ်ချင်စိတ်ကို မနည်းထိန်းနေရလေသည်။
"နင့်ကို ငါပြောဦးမယ်၊ နင့် မမကို တကယ်ချစ်ရင် ဘေးလူတွေကို အကူအညီမတောင်းဘဲ နင့်ကိုယ်တိုင် ကြိုးစားကြည့်ပါလား သျှားရယ်၊ အခုဟာက နင့်အဖြစ်က အရပ်ကူပါ၊ လူဝိုင်းပါ ဆိုသလိုပဲ"
YOU ARE READING
ညို့ချက်ပြင်းသောအချစ်နွံ(or)အချစ်အမုန်းညီမျှခြင်း
Romanceအထင်လွှဲမှုတွေက စခဲ့တဲ့အိမ်ထောင်ရေးမှာ လမ်းခွဲခြင်းနဲ့ အဆုံးသတ်ခဲ့ပြီး ပြန်တွေ့တဲ့ အခါ အရင်လိုပဲ သူက သူမကို မုန်းနေဦးမှာလား မြတ်နိုးစွဲလမ်းဖူးသည့် ယောကျာ်းတစ်ယောက်ကို လွမ်းဖူးသည့် နှလုံးသားက အမှတ်မရှိသေးဘူးထင်ပ။ အချိန်တွေရယ် ၁၀ နှစ်ပင် ကြာခဲ့သော်လည...