Ep-28

2.1K 72 0
                                    

အင်းလျားလမ်းကို ရောက်တော့ စိတ်ငြိမ်သည့် ခြံဝန်းလေး တစ်ခုရှေ့မှာ ကားလေးရပ်သွားလေသည်။  သျှားက ကား ဆရာကို ကားခ ရှင်းပေးပြီး  သူမကို ကြည့်ကာ

"ဆင်းလေ ဘာလုပ်နေတာလဲ"

"ဘာလို့ ဆင်းရမှာလဲ၊ ငါ့ အလုပ်သွားမလို့"

"လာပါဗျာ ၊ ခဏလေးပါ"

"အို ဘာလုပ်တာလဲ"

သူ့ စကားကို နားမထောင်ကာ ပေကပ်နေသော အစ်မကြီးကို ပွေ့ချီကာ ကားပေါ်က ဆင်းလိုက်မိလေသည်။  ကားဆရာကို ပြုံးပြပြီး  အိမ်ခြံတံခါးကို အသာတွန်းဖွင့်ပြီး သူ့ဝင်ခဲ့လိုက်လေသည်။  ခြံ၏ အကျယ်အဝန်းက သိပ်ပြီး ကျယ်သည့် မဟုတ်သော်လည်း ခြံ၏ အလယ်မှာ ဝင့်ကြွားစွာ တည်ရှိနေသော လုံးချင်းတစ်ထပ်တိုက်လေးက ဝင့်ဝင့်ထည်ထည် တည်ရှိနေလေသည်။

သူ့ပွေ့ချီလာရာမှ အိမ်ရှေ့ရောက်တော့ သူမကို အသာချပေးလိုက်ပြီး  အိမ်တံခါးကို အသာအယာတွန်းဖွင့်လိုက်လေသည်။

"သျှား ဒီအိမ်က"

ခြံ၏ အနေအထား အိမ်၏  အပြင်အဆင်ကို ကြည့်ပြီး သူမမေးလိုက်တော့  သူ့က သူမ လက်ကို ဆွဲကာ အိမ်ထဲဝင်ခဲ့လေသည်။ အိမ်က ခမ်းခမ်းနားနား ထည်ထည်ဝါဝါကြီး မဟုတ်သော်လည်း  အိမ်အတွင်းထဲက အပြင်အဆင် အလွန်ကို သေသပ်လွန်းနေလေသည်။

"မမ"

"ဟင်"

သူ့ နှုတ်ဖျားက တိုးလျှလျှခေါ်လိုက်သည့် အသံက မမတဲ့လား။  မေမိုး သူ့ကို ငေးကြည့်နေရင်းမှာပင်

"တောင်းပန်ပါတယ် ၊ မောင် အကြာကြီး မ ကို ပစ်ထားခဲ့မိတယ်၊ မောင်လေ မောင် လွန်ခဲ့တဲ့ ၇ နှစ်က မ တို့သားမိဆီ မောင့် လာခဲ့ပါတယ်၊ မောင်လေ မောင် ၊ နောင်တတွေနဲ့ အတူ မ ဆီက ခွင့်လွှတ်မှုကိုလည်း မျှော်လင့်ခဲ့ပါတယ်"

မောင် တဲ့။ သူ့ကိုယ့်သူ သုံးနှုန်းလိုက်သော နာမ်စားတစ်ခု။ ဒါတွေက မေမိုးဝသုန် ဆိုသော သူမ နှင့်  မသက်ဆိုင်သော နာမ်စားတစ်ခုပင်။ မေမိုး မျက်ဝန်းမှာ အရည်တွေလဲ့နေသော သူကို သူမ မျက်နှာလွှဲလိုက်ပြီး

"အရင်ကသာ နင် ဒီလိုပြောင်းလဲခဲ့ရင် ငါ နင့်ကို ခွင့်လွှတ်ခဲ့မိမှာ အမှန်ပါ၊ အခုတော့ဟာ ငါ့တို့ အသက်တွေလည်း မငယ်တော့ဘူးလေဟာ၊ နင်ရော ငါ့ရော ၄၀ ကျော် နေကြပြီ၊ အခုချိန်မှ နေသားကျပြီးသား ငါ့တို့တွေက ပြန်ပြီး ကလေးကလား ဆန်ကြမယ် ဆိုရင် ပတ်ဝန်းကျင်က မေးငေါ့ကြမှာပေါ့"

ညို့ချက်ပြင်းသောအချစ်နွံ(or)အချစ်အမုန်းညီမျှခြင်းWhere stories live. Discover now