Ep-5

3.5K 132 7
                                    


သားနေမကောင်းကတည်းက ဆိုင်ကိုပစ်ထားရသဖြင့် ဒီနေ့ဆိုင်သွားရန်အတွက် သားကို ဝသုန်တို့ အိမ်သို့ ပို့ခဲ့ပြီး  တိုက်ခန်းသို့ ပြန်လာခဲ့လေသည်။

လိုအပ်သည့် ပစ္စည်းများ ထည့်ပြီး  တိုက်ခန်းမှ ထွက်ရန်ပြင်စဉ်

"တင်းတောင်  တင်းတောင်"

အခန်းတံခါး ဘဲလ်မြည်သံကြောင့် တံခါးဖွင့်လိုက်တော့

"ဟင် သျှားညို"

အမှတ်မထင်တွေ့လိုက်ရ၍ သူမ အံ့သြစွာကြောင်ကြည့်နေစဉ် သူက အခန်းထဲဝင်ပြီး လော့ချလိုက်လေလျှင်

"နင် နင် ဘာလုပ်တာလဲ"

သျှား သူမကို ဘာစကားတစ်ခွန်းမှ မဆိုဘဲ သူမ ရှေ့တိုးလာတော့ သူမခြေလှမ်းတွေ နောက်ကို ဆုတ်သွားပြီး

"နင် နင် ဘာလုပ်မလို့လဲ"

"အဟွန့်"

ကြောက်လန့်တကြား သူ့ကို မေးခွန်းပြန်ထုတ်နေသော သူမကြောင့်  ပထမဆုံးအကြိမ် သူရယ်လိုက်မိခြင်းပင်။

"သျှားညို နင့်ကို ငါ့ပြောနေတယ်နော်"

"သျှားပြည့်ဇွဲရော"

သားဖြစ်သူအား မေးလာသော သူ့ကြောင့် သူမ မျက်နှာလေးကို တင်းပစ်လိုက်ပြီး

"ဘာလို့ လာမေးနေတာလဲ၊ ငါ့သား သေလား မသေလား လာမေးတာလား ကျောင်းဆရာကြီး"

"ဟာဗျာ"

သူက အကောင်းမေးသည့်ကို  သူမက သူကို ရွှဲ့နေပြန်ပါသည်။

"ကျွန်တော် ရန်မဖြစ်ချင်ဘူး မေမိုး၊  ကျွန်တော် သား"

ခေါ်ပြီးမှ သူ ပါးစပ်ကို အလိုလို  ပြန်ပိတ်လိုက်မိလေသည်။ သူမက သူ့ထံမှ သုံးနှုန်းလိုက်သော သား ဆိုသော စကားသံကြောင့် မျက်နှာကို မဲ့လိုက်ပြီး

"ငါ့သားကို သားလို့ မခေါ်နဲ့ ငါ့ မကြိုက်ဘူး၊ နင် ပြောစရာမရှိရင် ပြန်တော့၊ ငါ့ မှာ နင့်လောက်အချိန်မပေါဘူး"

စကားအဆုံးတွင်  သူမ လှည့်ထွက်မည် ပြင်စဉ်

"နေဉီး"

"အဲ့ဒါ ဘာလုပ်တာလဲ ၊ လွှတ်စမ်း ငါ့လက်ကို"

သူမ လက်မောင်းအိုလေးကို ဖမ်းဆွဲလိုက်သော သူ့ကြောင့်  သူမ စိတ်တိုစွာ အော်လိုက်လေတော့သည်။ သျှား သူမကို သူ့နှင့် နီးအောင် ဆွဲကပ်လိုက်ပြီး

ညို့ချက်ပြင်းသောအချစ်နွံ(or)အချစ်အမုန်းညီမျှခြင်းWhere stories live. Discover now