Ep-7

3.1K 122 10
                                    

သျှား သူမ စကားတွေကို အပြေးအလွှား ပြန်လည်ချေပရန် စကားလုံးတွေ ရှာနေမိလေသည်။

"နင် ကို ငါ့တောင်းပန်ပါတယ် သျှားညို၊ ငါ တကယ်တောင်းပန်ပါတယ်၊ နင့်ကို နှောက်ယှက်သလို ဖြစ်ခဲ့ရင် ငါ့ တကယ်တောင်းပန်ပါတယ် သျှားရယ်၊ ငါ့ နင်နဲ့ အဝေးဆုံးကို ထွက်သွားပေးပါမယ်"

သူမ ရင်ထဲ မွန်းကျပ်လာရလေသည်။  တစ်ကြိမ်တစ်ခါက ချစ်ခဲ့ဖူးသူ၊ ဘဝတစ်ခုလုံး ပုံပေးခဲ့ရသည့် ယောကျာ်းတစ်ယောက်ရဲ့ နှုတ်ခမ်းက ထွက်ကျလာသော စကားတစ်ခွန်းက နှလုံးသားကို အပ်ပါးပါးဖြင့် ထိုးဆွနေသလိုပင်။ ပါးပြင်ပေါ် အလိုက်မသိစွာ စီးကျလာရပြန်ပါသည်။

မေမိုး သူ့မျက်နှာကို စေ့စေ့ကြည့်လိုက်ပြီး

"ငါတို့ အစကတည်းက မပတ်သတ်ခဲ့ကြရင် ကောင်းသားနော်၊ အခု အခုတော့ ငါ့တို့အတွက် ရလာတဲ့ အရာတွေက နာကျင်စရာတွေကြီးပဲ၊ ငါ့တို့ ဒီလို မဆုံခဲ့ကြရင် နင် ရော ငါရော ကိုယ့်ဘဝနဲ့ ကိုယ့် ၊ ကိုယ့် ဖြစ်တည်မှုနဲ့ ကိုယ် ကျေနပ်နေကြရမှာနော်၊ အခုတော့ အခုတော့ဟာ"

ရင်ထဲမှာ တင်းကျပ်ဆို့နင့်လာမှုကို  ဟန်မပျက်ထိန်းရင်း

"နင့် ချစ်ရတဲ့ မိန်းကလေးနဲ့ ပျော်ရွှင်ပါစေ သျှား၊ ငါ့ တို့ နှစ်ယောက် မပတ်သတ်ခဲ့ကြဘူးလို့ သက်မှတ်လိုက်ပါမယ်၊ သားကိုလည်း ဒီတစ်သက် နင့်ဟာ သူ့ အဖေ ပါ ဆိုတာ မသိစေရဘူးလို့ ငါ့ ကတိပေးပါတယ် သျှား၊ နင် စိတ်ချမ်းသာတော့နော်၊ ငါ့ ငါ့ အားလုံးနဲ့ အဝေးကိုပဲ ထွက်သွားပါတော့မယ်၊ နင့်ဘဝမှာ သျှားပြည့်ဇွဲ ဆိုတဲ့ သားတစ်ယောက် မရှိခဲ့ဘူးလို့ သတ်မှတ်လိုက်ပါ"

စကားအဆုံးတွင် နာကျင်ခြင်းတွေဖြင့် မေမိုး ကျောခိုင်းလိုက်လေသည်။ သူ့ နှင့် ကိုယ်ဟာ အမြဲတမ်း ၃ နှင့် ၄ မို့ နောက်ဘယ်သော အခါမှလည်း မျက်နှာချင်းဆိုင်မိတော့မည် မဟုတ်ပေ။

လှည့်ထွက်သွားသော မေမိုး ကျောပြင်ကို ကြည့်ပြီး သျှား ခေါင်းကိုသာ ခါယမ်းလိုက်မိလေသည်။ လမ်းခွဲခြင်းနှင့် အဆုံးသတ်ခဲ့ကြပြီးသော လူနှစ်ယောက်က ဘယ်သောအခါမှ ဆုံနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။
                                💟💟💟

ညို့ချက်ပြင်းသောအချစ်နွံ(or)အချစ်အမုန်းညီမျှခြင်းOù les histoires vivent. Découvrez maintenant