Ep-27

2.2K 88 0
                                    

"သျှားညို နင့် ငါ့ကို အခုအောက်ချပေးစမ်း"

သူမကို ပွေ့ချီထားရင်း အပြင်ဘက်သို့ လှမ်းထွက်နေသော သျှား ခြေလှမ်းတွေကြောင့် သူမ မျက်လုံးတွေ ပြူးပြူးပြာပြာ ဖြစ်နေရလေသည်။

သျှား သူမကို အူယားစွာကြည့်ပြီး

"အပြင်သွားမှာမဟုတ်လား၊ ၃လွှာက အမြင့်ကြီး ကျွန်တော်အောက်ရောက်တဲ့ အထိပွေ့ခေါ်ပေးမယ်"

သူမကို ပွေ့ထားရင် လှေကားထစ်တွေပေါ်ဆင်းနေသော သူကို တအံ့တသြဖြစ်နေသူက သူမရယ်ပါ။

"ကျွန်တော်ကို ဖက်ထား၊ လွှတ်ကျသွားရင် တာဝန်မယူဘူး"

"အဲ့ဒါဆို အောက်ချပေးလေ၊ ငါ့မှာ ခြေထောက်ပါတယ်"

သူ့ ရင်ခွင်ထဲ ရောက်နေသည့်ကိုပင် အငြိမ်မနေလေဘဲ  ရန်ထောင်နေလာသော သူမကို အသဲယားလာကာ

"ငြိမ်ငြိမ်နေ ငြိမ်ငြိမ်မနေရင် ဖက်နမ်းပစ်မှာ၊ မလုပ်ရဲဘူး မထင်နဲ့"

"နင့် နင့် မျက်နှာအတော်ပြောင်ပါလား"

"ပြောင်တာ စတီးအိုးပဲ ရှိတယ်၊ ကျွန်တော်မဟုတ်ဘူး"

"နင် နင်ဟာလေ"

ဘာတစ်ခွန်းမှ မပြောချင်တော့သဖြင့် သူ့ခေါ်ရာနောက်သာ  သူ့လက်ထဲငြိမ်နေခဲ့ရလေသည်။ မေမိုး နှင့် သူ့ကို တစ်ချို့သော လူတစ်စုက ကွက်ကြည့် ကွက်ကြည့်ဖြင့် တီးတိုးစကားတွေ ဆိုနေကြလေသည်။ သူမကတော့ ရှက်လွန်းသဖြင့် သူ့ရင်ခွင်မျက်နှာ အပ်ထားလျှက်ပင်။

အောက်ကိုရောက်တော့ တက္ကဆီတစ်စီးလျှင်မြန်စွာ သူ့ ငှါးလိုက်ပြီး သူမကို ကားထဲထည့်လိုက်လေသည်။ 

"ငါ့ ငါ့ကို ဆိုင်ပဲ ပို့ပေးနော်"

ပြူးပြူးပြာပြာဖြင့်  သူ့ကို ပြန်ပြောနေသော အယ်မကြီး အသည်းတွေ ယားလိုက်တာ တအား။ ဖက်နမ်းချင်စိတ်ကို မနည်းထိန်းနေရသည့်မှာ သိပ်တော့မလွယ်ပေ။

"ကားဆရာ အင်းလျားလမ်းကို မောင်းပေးနော်"

"ဟင် အင်းလျားလမ်း၊ အင်းလျားလမ်းကို ဘာ ဘာသွားလုပ်မှာလဲ"

သျှား သူမကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး

"ခဏလေး ကျွန်တော်နဲ့ ခဏလိုက်ခဲ့၊ ပြောစရာလေးရှိလို့၊ စိတ်ချ အစ်မကို မဲ့တစ်ပေါက်တောင် မစွန်းစေရဘူး"

ညို့ချက်ပြင်းသောအချစ်နွံ(or)အချစ်အမုန်းညီမျှခြင်းWhere stories live. Discover now