Ep-14

2.2K 92 1
                                    

"တောင်းပန်ပါတယ်၊ မုန်းနေခဲ့ရင်တောင် မုန်းတဲ့ စိတ်လေး နည်းနည်းဖြစ်ဖြစ် ဖြည့်လျော့ပေးပါ သားရယ်"

"တောင်းဆိုပါတယ်၊ ကျွန်တော်ကို ငရဲမပေးပါနဲ့ ၊ ဆရာကို ကျွန်တော် အဖေ အဖြစ် လက်ခံနိုင်ဖို့တော့ အချိန်တစ်ခု စောင့်ပေးပါ"

စိတ်ထဲမကောင်းသော်လည်း ဇွဲလေး မျက်နှာလွှဲလိုက်မိလေသည်။ အမေ နာကျင်မှုတွေ အတွက် ဒီလောက်လေးနှင့် ကျေအေးပေးရအောင် အခုမှ တွေ့ရသိရသည့် အဖေ နှင့် အမေ၏ နာကျင်မှုတွေကို အစားထိုးမလဲနိုင်ပေ။

"ကျွန်တော်သွားတော့မယ်"

စကားအဆုံးတွင် သူ့ လှည့်ထွက်လာခဲ့လိုက်လေသည်။ အဖေဆိုသည့် လူကြီး ဘယ်လိုကျန်ခဲ့လေသလဲ သူ့ မသိချင်တော့ပေ။ 

"သား"

သျှား ဘာတစ်ခွန်းမှ မပြောနိုင်လေတော့ဘဲ ဆွံ့အ ကျန်ရစ်ခဲ့ရလေသည်။ သား ရင်ထဲမှာ သူ့ကို တကယ်အလိုမရှိတော့လေသလား။ ပူလောင်စပ်ဖျင်းစွာ နာကျင်လာသော နှလုံးသားက  မခံမရပ်နိုင်အောင်ထိုးအောင့်လျှက်ပင်။

အခုမှ နောင်တဆိုသော အရသာကို သူ့ကောင်းကောင်းမြည်းစမ်းလိုက်ရသလိုပင်။
                                💟💟💟

"မင်္ဂလာပါ ဘွားဘွား၊ အဆင်ပြေရဲ့လား"

တောင်ဝှေးလေးထောက်ကာ လဲကျမလို ဖြစ်သွားသော အဘွားတစ်ယောက်အား လမ်းဖြတ်အကူးတွင် တွေ့လိုက်ရသဖြင့် အလျှင်အမြန် ဝင်ထိန်းရင်း မေးလိုက်ရာ

"အဆင်ပြေပါတယ် မြေးရယ်၊ အဖွား အဆင်ပြေပါတယ်"

"ဟင်"

ကလေးကို မော့ကြည့်လိုက်စဉ် ဒေါ်ခင်ခင်ထား မျက်လုံးပြူးသွားရလေသည်။

"သားလေး သားလေး နဲ့ တူလိုက်တာ"

သူမ စိတ်ထဲ သားဖြစ်သူကို သတိရသွားမိလေသည်။ စိုလဲ့နေသော မျက်ရည်စတွေကို ပုတ်ခတ်ဖယ်ရှားရင်း

"ရ ရပါတယ် မြေးရယ်၊ အဘွားကို အခုလို ကူညီပေးတာ ကျေးဇူးပါပဲနော်"

ဇွဲလေး အဘွားကို မြင်မြင်ချင်း စိတ်ထဲက ခင်မင်မိသွားကာ

"သားကို ပြောပြလေ၊ အဘွားအိမ်ကို သားလိုက်ပို့ပေးမယ်"

ညို့ချက်ပြင်းသောအချစ်နွံ(or)အချစ်အမုန်းညီမျှခြင်းWhere stories live. Discover now