Ep-19

2.2K 102 1
                                    

"ဒေါက် ဒေါက်"

"ဟာ ဘယ်သူလဲကွာ"

တစ်ယောက်တည်း စိတ်ပျက်စွာ ဖြစ်ချင်တိုင်း ဖြစ်နေစဉ် တံခါးခေါက်သံကြောင့်  သျှား စိတ်ပျက်စွာ ရေရွတ်ပြီး တံခါးဖွင့်လိုက်မိလေသည်။

"ဟင် အစ်မမေမိုး"

သျှား သူမကို တွေ့လိုက်ရသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားစဉ်  မေမိုး အခန်းထဲကို လှမ်းကြည့်ပြီး

"အတက်ကောင်းတော့ တက်နေတယ်ပေါ့ ဟုတ်လား သျှားညို"

"အား အစ်မ"

ရုတ်တရတ် ဗိုက်ခေါက်ကြောကို ဆွဲလိမ်ခြင်း ခံလိုက်ရသဖြင့် သျှား ကြောင်အပြီး အော်လိုက်စဉ်

"နင့်ကို ငါ့ လူကောင်းထင်နေတာ၊ အခုတော့ နင်က အရက်သမားဖြစ်နေတာပေါ့ ဟုတ်လား  ဟမ်"

"အား အစ်မ"

နားရွက်ကို နောက်ထပ်တစ်ကြိမ်ဆွဲလိမ်လိုက်တော့  သူ နာနာကျင်ကျင် အော်လိုက်ပြီး

"အဲ့လို အရက်သမား ဖြစ်အောင် အစ်မပဲ လုပ်တာလေ၊ အစ်မသာ ကျွန်တော်ကို ပြန်တွေ့ကတည်းက ကျွန်တော်ကို လက်ခံရင် ကျွန်တော် အခုလို အရက်သမားဖြစ်မှာမဟုတ်ဘူးလေ"

"တယ် ငါ့ကို အတော်လျှာရှည်နေတယ်၊ သွားစမ်း အဝတ်အစား အခု သွားလဲ"

"အဟီး ဘာလဲ ရုံးတက်လက်မှတ်ထိုးပြီး မင်္ဂလာပြန်ဆောင်မလို့လား"

"ဘာ အရူး သိပ်အရူးထမနေနဲ့ ၊ နင်ကို ဒီဘဝတင်မဟုတ်ဘူး၊ နောက်ဘဝအထိ ငါ့ ပြန်မစဉ်းစားဘူး "

မေမိုး စကားကြောင့်  နှုတ်ခမ်းတွေကို တွန့်ရုံမဲ့လိုက်ပြီး

"တစ်ခါလောက် သက်ညှာပေးကြည့်ပါလားဗျာ"

တောင်းပန်ခယနေသော မျက်ဝန်းများဖြင့် ကြည့်ပြီး ပြောလာသော သူ့ကို သူမ မျက်နှာလွှဲလိုက်ပြီး

"ကလေးကလား စကားတွေ ငါ့ကို လာမပြောနဲ့ သျှား၊ အသက်တွေလဲ မငယ်တော့ အရမ်းတွေ ကလေးဆန်မနေနဲ့၊ နင့်သား နင့်ကို စောင့်နေတယ်"

"သား သားစောင့်နေတယ် ဟုတ်လား၊ အာ ခဏလေးဗျာ"

လှစ်ခနဲ့ အခန်းထဲ ပြေးဝင်သွားသော သျှားကို ကြည့်ကာ သူမ နှုတ်ခမ်းတစ်စုံကို ခပ်ဟဟလေး ပြုံးလိုက်မိလေသည်။

ညို့ချက်ပြင်းသောအချစ်နွံ(or)အချစ်အမုန်းညီမျှခြင်းWhere stories live. Discover now