Ep-2

3.9K 131 6
                                    

"နင် နှစ်တွေကြာသွားလဲ အရင်အတိုင်း မပြောင်းလဲသေးဘူးဘဲ သျှားညို"

မေမိုးရဲ့ စကားကြောင့် သျှားညို မျက်နှာကို မဲ့လိုက်ပြီး

"ဘာကို ပြောင်းလဲရမှာလဲ၊ ကျုပ်ဘဝပြောင်းလဲသွားတာ ဆိုလို့ ခင်ဗျားထွက်ပြေးသွားလို့ အိမ်ထောင်ပျက် တစ်ခုလပ်ဆိုတဲ့ ဂုဏ်ပုဒ်တော့ တိုးတာပေါ့ အဟက်"

မေမိုး နှုတ်ခမ်းကို မဲ့လိုက်ပြီး

"ငါ့ ဘာလို့ထွက်လာခဲ့လဲ ဆိုတဲ့ မေးခွန်းကို နင်မမေးတော့ဘူးလား သျှားညို"

"မေးစရာမလိုပါဘူး၊အမေ ငါ့ကို အကုန်ပြောပြီးပြီ"

"အဟွန့်"

မေမိုး နှုတ်ခမ်းတစ်စုံကို မဲ့လိုက်ပြီး

"ထင်ပါတယ်၊ နင်က သားလိမ္မာပဲလေ၊ နင့် အမေ စကားပဲယုံတာပေါ့၊ ငါ့ ဆိုတဲ့ မိန်းမက နင့် အတွက် ဘောင်မဝင်ခဲ့တာ အရင်ကတည်းက သိပါတယ်"

"သိရင်ပြီးတာပဲ"

"နင် မမေးတော့ဘူးလား၊ ငါ့ ဘာလို့ ထွက်လာတာလဲ ဆိုတာ"

"မေးစရာမလိုတော့ဘူး၊ ငါ့ အမေဆီက သိပြီးသွားပြီ၊ ခင်ဗျားရဲ့ လုပ်ရက်တွေ"

"အော် အော်၊ နင့်က နင့် အမေ စကားယုံတယ်ပေါ့"

"ဟ  ကိုယ့်ကို မွေးထားတဲ့ အမေရဲ့ စကားကိုမှ မယုံရင် ငါ့ဆိုတဲ့ ကောင်က ဘာဖြစ်သွားမှာလဲ၊ ခင်ဗျား အကြောင်းကို ကောင်းကောင်း သိနေတော့"

"အင်းပါ ဒီအမေကို ယုံရင် ပြီးတာပဲ၊ နင့် အမေက ငါ့ အမြင်တော့ သိပ်ကို ယုတ်မာ ပက်စက်တဲ့ မိန်းမယုတ်ဘဲ"

"မေမိုးဝသုန်"

သူမ စကားကြောင့် သူ့ ဒေါသတွေ လွန်ကဲစွာ မေးကြောကြီးတွေ တင်းကာ သူမကို စူးရှစွာ ကြည့်လာလေရာ သူမကလဲ နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူကို စူးရဲစွာကြည့်လိုက်ပြီး

"နင်က ငါ့ခင်ပွန်း မဟုတ်တဲ့ အတွက် ငါ့ကို အော်တာကို ငါ့ငြိမ်ခံနေမှာ မဟုတ်ဘူး သျှားညို၊ အခုချိန်မှာ နင့် ပေးတဲ့အတိုင်း ငါ့ဘက်က ပြန်တုန့်ပြန်မှာပဲ၊ ငါလေ နင်တို့ မိသားစုကို အရမ်းရွံတာ"

ညို့ချက်ပြင်းသောအချစ်နွံ(or)အချစ်အမုန်းညီမျှခြင်းWhere stories live. Discover now