Ep-13

2.3K 98 2
                                    

"ကိုကို ဘာဆက်လုပ်မှာလဲ၊ ဒီအတိုင်း မမနဲ့ သားသားကို လွှတ်ထားတော့မှာလား"

သျှား မျက်နှာကို လက်ဖြင့်ပွတ်သပ်လိုက်ပြီး

"အလျော့မပေးချင်ဘူး၊ ဒါပေမယ့် သားက အရမ်းခေါင်းမာတယ်၊ ငါ့ သားလေး စိတ်ချမ်းသာဖို့ ငါ ငါ"

အိမ်စည် မျက်လုံးတွေ နီရဲအောင် ငိုထားသော အစ်ကို ဖြစ်သူကို ကြည့်ကာ စိတ်မကောင်းလဲ ဖြစ်မိလေသည်။

"ကိုကို သားသားနဲ့ အရင်ညှိကြည့်လိုက်ပါ၊ သားသားကို အရင် အဆင်ပြေအောင် ၊ ပြေလည်ရာပြေလည်ကြောင်း ညှိနိုင်မှ မမမေမိုးနဲ့ ဆက်ဆွေးနွေး စေချင်တယ်"

"အဟွန့်"

သျှား နှုတ်ခမ်းကို တွန့်ရုံမဲ့လိုက်ပြီး

"နင် သိလား အိမ်စည်၊ သားက ငါ့ အတိုင်းပဲ ခေါင်းမာတယ်၊ တဇွတ်ထိုးဆန်တယ်၊ အဟွန့် သူ့အမေကို သိတတ်တာ ငါ့အတိုင်းပဲ၊ ငါ နောင်တရမိတယ်၊ အမှားတွေ အခါပေါင်းများစွာ ကျူးလွန်းတဲ့ ငါ့ဟာ သားကို  ရင်ဆိုင်ဖို့တောင် သတ္တိနည်းနေတယ် ဆိုတာ နင့် သိရဲ့လား"

"ကိုကိုရယ်"

တကယ်လည်း သူ့ သားနှင့်တွေ့ဖို့ သတ္တိမရှိသေးတာ သူ့သည့်သာ အသိဆုံးပင်။ သားစိတ်ထဲမှာ   သူ့ကိုမလိုအပ်ဘူး ဆိုသည့် စိတ်ရှိနေသည့်ကို သိရတော့ သူ့ နှလုံးအိမ်တစ်ခုလုံး ကြေမွခဲ့ရသလို သူမကလည်း သူ့နှင့် မပတ်သတ်ချင်တော့သည့်ကို သိရတော့ အရူးတစ်ယောက်လို နာနာကျင်ကျင် ကြေကွဲခဲ့ရလေသည်။ ဒါဟာ အတိတ်ကာလတွေဆီက သူ့ရဲ့ မိုက်ပစ်တွေများပင်။
                                  💟💟💟

"မေမေ ရွှေတောင်ခေါက်ဆွဲ လက်ရာက မွှေးနေတာပဲ"

သားဖြစ်သူ၏ စကားကြောင့် မေမိုး ပြုံးလိုက်ပြီး

"မေ့သားလေး ကြိုက်ရင် အဝစား"

"အဟီး စားမှာ ၊ မေမေ ကျွေးလို့ကတော့ သားက ဘာလာလာဆွဲပြီးသားပဲ"

"ဟုတ်ပါပြီ ၊ သား စားပြီးရင် အပြင်ခဏသွားရအောင်"

"ဘယ်ကိုလဲ မေမေ"

ဇွဲလေးသိချင်စိတ်ကြောင့် မေးမိတော့ မေမိုးက ပြုံးလိုက်ပြီး

ညို့ချက်ပြင်းသောအချစ်နွံ(or)အချစ်အမုန်းညီမျှခြင်းWhere stories live. Discover now