Ep-23

2.2K 101 4
                                    

သျှား သူမဆီက ပြန်ရောက်ကတည်းက နေမထိထိုင်မသာဖြင့် ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေလေသည်။

"ဟာ "

"ကျစ်"

တစ်ယောက်ထဲ စုတ်သပ်လိုက်။ တစ်ယောက်ထဲ အတွေးပေါင်းများစွာဖြင့် ချာချာလည်နေလေသည်။

"ဟာ မဖြစ်ဘူး၊ ဒီအစ်မကြီးကို ဒီအတိုင်းလွှတ်ထားလို့ မဖြစ်ဘူး၊ မဖြစ်ဘူး"

အဝတ်ဗီရိုအနားက  ခရီးဆောင်အိတ်ကို ကုတင်ပေါ်ပစ်တင်ကာ  အဝတ်အစားတစ်ချို့ကို အိတ်ထဲထည့်နေလိုက်လေသည်။

"သား ဘယ်သွားမလို့လဲ"

ဒေါ်ခင်ခင်ထား  သားဖြစ်သူကို တအံ့တသြကြည့်ပြီး မေးလေတော့ သျှား မိခင်ကို လှည့်ပင်မကြည့်ဘဲ

"အမေ့ ချွေးမအိမ်သွားမလို့"

"အဆင်ပြေသွားပြီလား သားတို့က"

သူ့ မိခင်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး

"အမေ့ ချွေးမ ဒေါ်အသဲမာက ကျွန်တော်ကို အသာတကြည်လက်ခံလိုက်ဦးမယ်"

"ဒါဆို မင်းက"

မျက်ခုံးပင့်ကာမေးလာသော အမေ့စကားကို အဝတ်အိတ်ကို ဇစ်ဆွဲပိတ်ပြီး သူ့ပြန်ဖြေလိုက်သည့်က

"အတင်းအိမ်ပေါ်သွားတက်နေမလို့"

"ဟဲ့ ဇွတ်တရွတ်တွေ လုပ်မနေနဲ့"

"မွ ချစ်တယ် မေမေ၊ သား အိမ်စည်ကို အမေ့ကို ခဏလာခေါ်ထားဖို့ ပြောလိုက်မယ်"

"ဟဲ့ သျှားညို နေဦးလေ၊ အော် ဒီကလေးနဲ့တော့ ခက်တာပဲ"

အဝတ်အိတ်ဆွဲကာ အမေ့ အော်နေသည့်ကို မကြားသလို လုပ်ကာ လှေကားထစ်တွေမှ ပြေးဆင်းခဲ့လေသည်။

ဟိုရောက်လေလျှင် ဒေါ်မေမိုးဝသုန်က ဘယ်လိုစီရင်ချက်ချမည့် ဆိုတာ သူ မသိနိုင်သေးပေ။

"ဟူး~~~ခင်ဗျားနဲ့ ကျွန်တော်ရူးတော့မှာပဲ"
                             💟💟💟

"တင်းတောင် တင်းတောင်း"

ဘဲလ်မြည်သံကြောင့် ဟင်းချက်နေသည့်ကို မီးခလုတ်ပိတ်ပြီး အပြင်ထွက်ကာ တံခါးကို ဖွင့်လိုက်တော့

ညို့ချက်ပြင်းသောအချစ်နွံ(or)အချစ်အမုန်းညီမျှခြင်းWhere stories live. Discover now