အိမ်အပြန်လမ်းတို့က မညီညာ။ သူ့ ဦးနှောက်ရော နှလုံးသားမှာပါ တစ်ခုခုကို အလေးအနက်တွေးရန် လိုနေလေပြီ။
ဟူး။
လေပူတစ်ချက်ကို မှုတ်ထုတ်ပြီး သူ့ ပြုလုပ်ခဲ့သမျှ မိုက်ပြစ်တွေက သူမ ရင်ထဲမှာ အစိုင်အခဲတစ်ခုလို ရှိနေမှာ သေချာသည်။ ထိုစဉ် ထိုစဉ်တုန်းက သူမ မေးခဲ့သည့် စကားလုံးတွေ
"နင့် သားကို သေအောင်ရိုက်လိုက်ရလို့ ပျော်လားတဲ့"
အမှန်တကယ်က အဲ့ဒီနေ့က သား သည့် သူ့၏ သားဆိုသည့်ကို သူ့မသိခဲ့ပေ။ သိလေလျှင်လည်း ယခုလို လုပ်ရပ်မျိုး သူ့ ပြုလုပ်ခဲ့မည် မဟုတ်ပေ။
သား ကို သားမှန်း သိလိုက်ရသည့် အချိန်သည့် သူ့ အတွက် အင်မတန် တုန်လှုပ်ခဲ့ရသော အချိန်ပင်။ သားနှင့် သူမ အပေါ်တွင် စိတ်ဒဏ်ရာပေါင်းများစွာ ပေးခဲ့သည့် သူ့သည် အဘယ်မျှ စိတ်ဓာတ်ရေးရာ ပျက်ပြားခဲ့လေသလဲ သူ့ကိုယ်တိုင် သိလေသည်။
ဟူး ~~~။
လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး သူ့၏ လားရာတွေက ဘယ်ဆီမှန်း မသိလေအောင် ဝေဝါးလျှက်ပင်။
သူ့ အတိတ်တွေကို ပြန်တွေးတိုင်း အမှန်တကယ် သူမအပေါ် မကောင်းခဲ့ပေ။ ယခုလို သူမဘက်က ပြန်လည်တုန့်ပြန်နေသည့်ကိုလည်း အပြစ်တော့ မဆိုတော့ပေ။
သူ့ကိုယ်တိုင်က လွန်စွာရက်စက်ခဲ့သူ
မဟုတ်ပါလား။
💟💟💟ချစ်မင်း ကုန်တိုက်ကြီးရှေ့ကားရပ်လိုက်စဉ် လက်ထဲက အထုတ်ပေါင်းစုံဖြင့် ကိုးရိုးကားယားဖြစ်နေသော သူမကို တွေ့လိုက်ရသဖြင့် သူမ အနားလျှောက်လာကာ
"ရရဲ့လား မေမိုး၊ မရရင်လည်း ငါ့ ကို ပေး၊ ငါ့ ကူသယ်ပေးမယ်"
"အော်ချစ်မင်း ရပါတယ် ချစ်မင်းရဲ့"
မေမိုး ကုန်တိုက်ထဲက ထွက်လာစဉ် အထုတ်တွေ မနိုင်မနင်းဖြစ်နေစဉ် ချစ်မင်း အနားရောက်လာကာ သူမကို ပြောလိုက်ခြင်းပင်။
"နင် ပြန်မှာလား၊ ပြန်ရင် ငါ့နဲ့လိုက်ခဲ့လေ အတူပြန်မယ်"
မေမိုး လက်ထဲက အထုတ်တွေကို ချစ်မင်း ပြောင်းယူကာ ဆိုလေတော့
YOU ARE READING
ညို့ချက်ပြင်းသောအချစ်နွံ(or)အချစ်အမုန်းညီမျှခြင်း
Romanceအထင်လွှဲမှုတွေက စခဲ့တဲ့အိမ်ထောင်ရေးမှာ လမ်းခွဲခြင်းနဲ့ အဆုံးသတ်ခဲ့ပြီး ပြန်တွေ့တဲ့ အခါ အရင်လိုပဲ သူက သူမကို မုန်းနေဦးမှာလား မြတ်နိုးစွဲလမ်းဖူးသည့် ယောကျာ်းတစ်ယောက်ကို လွမ်းဖူးသည့် နှလုံးသားက အမှတ်မရှိသေးဘူးထင်ပ။ အချိန်တွေရယ် ၁၀ နှစ်ပင် ကြာခဲ့သော်လည...