Ep-11

2.8K 113 4
                                    

၃ လွှာ အပေါ်ထပ်ကို မော့ကြည့်ပြီး အဖေ ဆိုသော ဦးသျှားညို တိုက်ခန်းဆီသို့ ဇွဲလေး တက်ခဲ့လေသည်။

"ဒေါက် ဒေါက်"

"ဟင်"

သျှား တံခါးဝမှာ ရပ်နေသော ဇွဲလေးကို တွေ့ လိုက်ရ၍ ကြောင်နေစဉ် ဇွဲလေး အခန်းထဲ ဝင်လာခဲ့ပြီး

"တကယ်ပဲ ဆရာက ကျွန်တော် အဖေလား"

သူမျက်နှာကို စေ့စေ့ကြည့်ပြီး မေးလာသူက သူ့၏ သားငယ်။

"သား  သား သိသွားပြီပေါ့"

"ဘာလို့လဲ ဘာလို့အမေနဲ့ ကျွန်တော်ကို ပစ်ထားခဲ့ရတာလဲ"

ဇွဲလေး ရင်ထဲကနာကျင်ကြေကွဲနေမှုတွေ ဘယ်သူကများ အစားထိုး ကုပေးနိုင်မှာလဲ။
အမေ ရင်တွင်းက နာကျင်မှုတွေကို သိထားသည့် သားတစ်ယောက် အနေနှင့် ဒီမေခွန်းကိုတော့ မေးခဲ့သင့်တယ် မဟုတ်လား။

"သား အဖေ အဖေလေ"

"ဟင်အင်း အဖေ ဆိုတဲ့ နာမ်စားမသုံးပါနဲ့၊ အဖေ ဆိုတဲ့ နာမ်စားက ဆရာနဲ့ ထိုင်တန်ခဲ့ရဲ့လား ပြန်သုံးသပ်ပါ၊ ကျွန်တော် အမေရဲ့ နာကျင်ခြင်းတွေက သားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်အတွက် မေ့ဖျောက်ရခက်လွန်းလို့ပါ"

" နားလည်ပါတယ် ၊ အဖေ နားလည်ပါတယ် ၊ သိလဲ သိတယ်"

သျှား အပြစ်ရှိသူတစ်ဦးလို  သား အရှေ့မှာ ဘာစကားမှ မပြောနိုင်လောက်အောင် ဆွံ့အနေစဉ် ဇွဲလေး ပြောလိုက်သည့် စကားက

"ဇနီး နဲ့ သား အစား ဆရာ ရဲ့ ချစ်သူဆိုတဲ့ မိန်းမကို ရွေးခဲ့တာ မဟုတ်လား၊ အမှန်တော့လေ ကျွန်တော်တို့ သားမိက အစကတည်းက ဆရာ့အတွက် အပယ်ခံ သားမိပါ"

ပြောရင်း ငိုနေသော သားငယ်အရှေ့မှာ သူ့ဟာ ဖြေရှင်းချက်ပေးဖို့ အဖြေကို အပြေးအလွှားရှာနေသူတစ်ဦးပင်။ သူ့ မျက်ဝန်းအစုံကို မှိတ်ကာ အားယူပြီး မေးလိုက်သည့်က

"မင်းအဖေ ဘယ်မှာလဲ"

အမေကို မေးလာသည့်မို့  ဇွဲလေး ခေါင်းထောင်ကြည့်လိုက်ပြီး

"ဘာလုပ်မလို့ အမေကို မေးတာလဲ၊ အမေကို ဘာတွေထိခိုက်အောင်လုပ်မလို့ ရည်ရွယ်ထားသေးလဲ"

ညို့ချက်ပြင်းသောအချစ်နွံ(or)အချစ်အမုန်းညီမျှခြင်းWhere stories live. Discover now