Ep-12

2.7K 100 3
                                    

"ဖြစ်နိုင်ရင် နင့် ထွက်သွားပေးပါ သျှားရယ်၊ ငါလေ ငါ နင့်ကို မြင်ရတိုင်း တစ်ချိန်က ငါ့အရှုံးတွေကို ပြန်မြင်ယောင်မိလို့ပါ သျှားရယ်၊ ဖြစ်နိုင်ရင် နင့် ငါ့ အရှေ့ကို နောက်ထပ်ပေါ်မလာပါနဲ့တော့ဟာ"

"ဟင်"

ကြိုတင်သိထားသော စကားလုံးတွေ ဖြစ်သော်လည်း သူ့ နှလုံးသားက နာကျင်လာရလေသည်။

"အဲ့ဒါ အဲ့ဒါတော့"

"ဘာလာလုပ်တာလဲ "

"ဟင်"

"သား"

အသံလာရာကြည့်လိုက်တော့ အခန်းထဲဝင်လာသော သားဖြစ်သူကို ရုတ်တရတ် တွေ့လိုက်ရတော့ နှစ်ယောက်သား ကြောင်အသွားရလေသည်။

"ထွက်သွားပေးပါ ဆရာ၊ အမေ အတွက် ဆရာ မလိုအပ်တော့သလို ကျွန်တော့် အတွက်လည်း ဆရာမလိုအပ်တော့လို့ပါ၊ ကျွန်တော်တို့ သူစိမ်းတွေ ဖြစ်ခဲ့ကြတာ ကြာပြီမို့ ပြတ်ပြီးသား ကြိုးတွေကို ပြန်မဆပ်ချင်ပါနဲ့တော့ ဆရာ"

"ဟင်"

ဒါ ဒါ သူ့ရဲ့ သား နှုတ်ဖျားက ထွက်ကျလာသည့် စကားလုံးတွေတဲ့လား။ သားရယ်။ ရင်ထဲမှာ နင့်နေအောင် ခံစားလိုက်ရလေသည်။ သူမတို့ သားမိက သူကို တကယ်မလိုအပ်ကြတော့သည့်တဲ့လား။ အပြစ်ရယ်တော့ မဆိုချင်တော့ပေ။ သူ့သည့်သာ အရင် ရက်စက်ခဲ့သူမို့ သူမလေးတို့ သားမိကို သူကျောခိုင်းခဲ့သည်။

"မေမိုး ပျော်မယ်ဆို ကျွန်တော်သွားပါမယ်"

ထို စကားတစ်ခွန်းသာ ပြောနိုင်ခဲ့ပြီ နာကျင်မှုတွေနှင့် အတူ သူမတို့ သားမိအား ကြည့်ကာ ကျောခိုင်းခဲ့ရလေသည်။ ထိုတစ်ခါ အရှုံးသမားက သျှားညို ဆိုသော သူပင်။
                                💟💟💟

သားဖြစ်သူ၏ စကားတွေ နားထဲကြားရပြန်တော့ သူ့ နှလုံးအိမ်က နာကျင်ခဲ့ရသလို မေမိုး စကားတွေ ကြားရပြန်တော့လည်း သူ့ နှလုံးသားက နာကျင်မြဲတိုင်း နာကျင်နေမြဲပင်။

"ဒုန်း"

အုတ်နံရံကို ထိုးချလိုက်သော လက်သီးချက်တွေကြောင့်  သူ့လက်မှာ သွေးတွေ ယိုစိမ့် စီးကျလာရသည့် အထိပင်။

ညို့ချက်ပြင်းသောအချစ်နွံ(or)အချစ်အမုန်းညီမျှခြင်းWhere stories live. Discover now