||2||

340 42 8
                                    

Scroll down for zawgyi code users

Chen feiyu + Luo Yunxi
{By Emily} 2022

နယ်စပ်သို့ရောက်ရှိလေ ခရီးလမ်းက ကြမ်းတမ်းလေဖြစ်သည်။ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော ကိုယ်ခန္ဓာအား အားတင်းကာ ခပ်လှမ်းလှမ်းမှာရောက်ရှိနေပြီဖြစ်သော ကြိုဆိုရေးတပ်ကြီးအား စိတ်လှုပ်ရှားစွာ လှမ်းမျှော်ကြည့်လိုက်မိသည်။

ကြိုဆိုရေးတပ်မှ လူအများစုသည် ထွားကျိုင်းကာ ကြမ်းတမ်းပုံပေါ်သည်။အမဲပြောင်ပြောင်မြင်းနက်များပေါ်တွင် ထူးထဲများပြားသော သိုးမွှေးအင်္ကျီများကို အထပ်ထပ်ဝတ်ထားကြပြီး၊ ချွန်ထက်သော ချွန်းများအား အရောက်စေ့ကိုင်ဆောင်ထားကြသည်။

"မင်းသမီးကို ကြိုဆိုပါတယ်၊ကျွန်တော်မျိုးမက စစ်သူကြီး ချန်ရဲ့လက်ဝဲစစ်သူကြီး လုမင်ရင်ပါ၊စစ်သူ​ကြီး ချန်က အရေးကိစ္စတစ်ခုကြောင့် ကြိုဆိုဖို့ရာ အခွင့်မသာခဲ့ပါဘူး၊ ဒီနေရာကစပြီး ကိုယ်တိုင်မြင်းစီးပြီးသွားရမှာပါ၊ မင်းသမီးနဲ့အစေခံကလွဲပြီး၊ကျန်တဲ့ပို့ဆောင်သူတွေပြန်လို့ရပါပြီ"

"ကောင်းပါပြီ"

ဝေါယာဉ်ထဲမှ ကြည်လင်သာယာသော အသံလေးက ထွက်ပေါ်လို့လာသည်။မင်းသမီးဘွဲ့ပေးကာ လက်ထပ်ရန်စေလွှတ်ခံရသူအား စစ်သူကြီးချန် က ကြိုဆိုလက်ခံခြင်း မပြုသည်က ရိုင်းပြခြင်းဖြစ်သလို၊ ဤလက်ထက်ခြင်းအား အလိုမရှိခြင်းဖြစ်သည်ဟု သွယ်ဝှိုက်ပြသခြင်းဖြစ်သည်။ထိုသူ၏ ဖြူရော်ကာသေးသွယ်သော ပုံသဏ္ဍာန်သည် လေညှင်းလေးနှင့်ပင် မျှောပါသွားတော့မယောင်ခံစားရသည်။

ထွားကြိုင်းကာတောင့်တင်းနေသည့် အဖြူရောင်မြင်းပျိုလေးက သူ၏အနားသို့ခပ်ဖြေးဖြေးလျှောက်လို့လာသည်။ငွေမျှင်ရောင်လည်ဆံမွှေးတို့အား တစ်ချက်ခါကာ လော်ယွင်ရှီအား လာရောက်ပွတ်သပ်သည်။

မတိုင်ခင်က နုနယ်ကာလဲပျိုတော့မယောင် အမျိုးသားက အဖြူရောင်မြင်းပျိုထက်တွင် ဝံ့ထည်ကာတုနှိုင်းမဲ့လို့နေသည်။သူ၏အစေ့ခံသည်လည်း အညိုရောင်မြင်းအား စီး၍ ခရီးအားဆက်ခဲ့ကြသည်။

လော်ယွင်ရှီးသည် အရင်ဘဝ၌ မိသားစုထဲက သိုးမဲလေးဖြစ်ခဲ့သည်။ကံမကောင်းသည့် ချစ်ခြင်းတရားများကြားတွင်၊ သူ့ထံ၌ အမြဲတည်ရှိနေသည့်အရာများက တိရစ္ဆာန်လေးများသာဖြစ်သည်။သူ့ရဲ့အညိုရောင်မျက်လုံးဝိုင်းကြီးများအား တိရစ္ဆာန်လေးများက နှစ်သက်ကြသည်။ဤဘက်ကမ္ဘာသို့ ကူးပြောင်းလာချိန်တွင်လည်း မိသားစုထဲ၌ စွန့်ပစ်ခံ၊အနှိမ်ခံ တိသား၏ကိုယ်ခန္ဓာထဲသို့ ကူးပြောင်းလာခဲ့သည်။ထို့အပြင် ဘုရင်မင်းမြတ်က လော်ယွင်ရှီအား မင်းသမီးဘွဲ့ပေးကာ နယ်စပ်ရှိ သူ၏တတိယမြောက်သားတော်ထံသို့ လက်ဆက်ရန် စေလွှတ်ခဲ့သည်။

Dandelion ||History||Donde viven las historias. Descúbrelo ahora