Scroll down for zawgyi code users
Chen feiyu + Luo Yunxi
{By Emily} 2022မနက်ခင်းတိုင်းဟာ နေသာစမြဲပင်။မိုးရွာသည်ကရှားပါးသော ဤအရပ်တွင်ခြောက်သွေ့သော်လည်း ပြင်းပြင်းထန်ထန်ပူလွန်းမနေသည်က ထူးခြားလှသည်။သို့ပါသော်လည်း မကူးပြောင်းခင်ကရော၊ကူးပြောင်းပြီး၍မြို့တော်၌ရှိစဥ် ရာသီဥတုတို့က သင့်တင့်မျှတသည်ကြောင့် ဤအရပ်၏ပူပြင်းမှုသည် လော်ယွင်ရှီးအား အနေခက်စေသည်။
ယွင်ရှီးက ပေါ့ပါးသောအင်္ကျီတို့သာရွေးချယ်ဝတ်ဆင်နေရသည်။ယွင်ရှီးဘဝက သူဌေးသားလူပေါ်ကျော့လေးတစ်ယောက်ကဲ့သို့ပင် မနက်နိုးလျင်ပြင်ဆင်ပြီးသားရေအားချိုး၍၊ပြင်ဆင်ပြီးသားထမင်းအား အဆင်သင့်ထမင်းစားမည်။ဟိုနား၊ဒီနားလမ်းလျှောက်၍ ညရောက်လျင်တစ်စုံတစ်ယောက်၏ရင်ခွင်ထဲတွင် ခိုဝင်အိပ်စက်မည်ဖြစ်သည်။
ထိုအသိကြောင့် ယွင်ရှီး၏အရှက်တရားများပြန်လည်နိုးကြွလို့လာသည်။ညစဥ်ရက်စက်တိုင်းပင် ထိုသူ၏ရင်ခွင်ကျယ်ထဲခိုဝင်မိသည်က အကျင့်တစ်ခုလိုဖြစ်သွားခဲ့သည်ထင်ပါသည်။ထိုရင်ခွင်နှင့်အနည်းငယ်ဝေးသွားလျှင်ပင် ယွင်ရှီးက လန့်နိုးတက်လာသည်။နှစ်ဘဝစလုံးတွင် မိဘများ၏ချစ်ခင်မြတ်နိုးခြင်းအား စိုးစိမျှမရရှိခဲ့သော ယွက်ရှီးက ထိုနွေးထွေးသောရင်ခွင်ကြီးအား မသိစိတ်ကအားကိုးနေခဲ့မိသည်။သို့ပါသော်လည်း ပိုင်ဆိုင်ရန်မဝင့်ရဲခဲ့ပါ။မိမိက အချစ်ခံရရန်မထိုက်တန်သောကြောင့်ဖြစ်သည်။
"စစ်သူကြီးချန် ရောက်လာပါပြီ ဝမ်ဖေး..."
အတွေးလွန်နေသည်ကြောင့် ယားထိုခေါင်းဆောင်၏အကြိမ်ကြိမ်သတိပေးသံကြားမှသာ လက်ရှိအချိန်ကိုပြန်လည်ရောက်ရှိတော့သည်။တောလိုက်ပြီးပြန်လာပုံရသည့် တတိယမင်းသားက ခါတိုင်းနှင့်မတူဘဲ နက်မှောင်သည့်ဆံပင်များကိုခပ်တင်းတင်းစုစည်းလို့ အနောက်တွင်ပြန်လည်ချထားခြင်းကြောင့် ငယ်ရွယ်နုပျို၍ယောကျ်ားပီသသောမျက်နှာချောချာက တစ်မျိုးတစ်ဖုံပေါ်လွင်လို့နေသည်။
သူ၏ကိုယ်ရံတော်များဝတ်သကဲ့သို့ လက်ကောက်ဝတ်နှစ်ဖက်နှင့်ခါးတွင်စည်းထားသော ကိုယ်လုံးအတိကျပေါ်နေသည့် ထိုဝတ်စုံကြောင့် ရှည်လျား၍တောင့်တင့်သောကိုယ်ခန္ဓာက ပို၍ပေါ်လွင်နေသည်။
YOU ARE READING
Dandelion ||History||
FanfictionOf all the lies I've heard 'I love you' was my favorite.